ကချင်

ကချင်လူမျိုးများသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသရှိ အာသံပြည်နယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ ယူနန်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသော မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အခြေချနေထိုင်ကြသည်။ ဟိမဝန္တာတောင်တန်း၏  ရေခဲဖုံးတောင်များအနက် ကချင်ပြည်နယ် မြောက်ဖက်စွန်းဒေသရှိ ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ထွတ်လည်း ဖြစ်သည်။ ကချင်လူမျိုးတို့သည် တိဗက်-မြန်မာ (Tibeto-Burma)  မျိုးနွယ်စုမှ ဆင်းသက်ခဲ့ပြီး မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နောက်အကျဆုံး ဝင်ရောက်လာသည့် လူမျိုးစုများ ဖြစ်သည်။ ကချင်လူမျိုးတို့ ကျင်းပပြုလုပ်လေ့ရှိသည့် ပွဲတော်များအနက် ရောင်စုံ မနောတိုင်များ၊ အလံများဖြင့် အလှဆင်ထားသော ကွင်းပြင်တွင် ကျင်းပသည့် မနောပွဲတော်သည် အထင်ရှားဆုံးပွဲတော် ဖြစ်သည်။ အဆိုပါပွဲတော်တွင် ပါဝင် ဆင်နွှဲကြသူများသည် ကချင်ရိုးရာ တေးသွားများနှင့်အတူ ဝိုင်းပတ်၍ ကခုန်ကြသည်။ ကျောက်စိမ်းနှင့် ပယင်းကဲ့သို့သော တွင်းထွက်ရတနာများသည် ကချင်ပြည်နယ်၏ အဓိကထွက်ကုန်များ ဖြစ်ကြသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက wpreviewer.moea@gmail.com သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။