ကြက်ဆန်လှော်ဟင်း ချက်ပြုတ်နည်း
- ကြက်သားကိုရေဆေးသန့်စင်ပြီး အတုံးသေးသေးတုံးထားကာ ချက်မည့်ဒယ်အိုးတွင်ထည့်ပါ
- ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးခြောက်၊ ဟွားကြောင်းစေ့၊ ပင်စိမ်း၊ ဖက်ဖယ်၊ ရှမ်းနံနံတို့ကို ငရုတ်ဆုံတွင် ထည့်ပြီး ထောင်းပါ။ (၎င်းအရွက်များကို မထောင်းလိုလျှင် တောက်တောက်စဉ်း၍ ထည့်နိုင်သည်။
- ထောင်းထားသည့် အဆာပလာများကို ကြက်သားထည့်သည့် အိုးတွင်ထည့်၍ ဆား၊ ဆနွင်း၊ မှည့်လင်သီးခြောက်၊ ချဉ်ဆော်ခါးသီးခြောက် (မရှိလျှင် ရှမ်းမုန်ညင်းချဉ် အနည်းငယ်)ထည့်ပါ။
- ခရမ်းချဉ်သီး တစ်လုံးကို ချေ၍ ထည့်ပါ။
- အိုးတွင် ထည့်ထားသည်များကို သေချာစွာ နယ်ပြီးနောက် ကြက်သားမှ ထွက်လာသော အရည်များ ခမ်းခြောက်သည်ထိ လုံးချက်ပေးပါ။
- ထို့နောက် ကြက်သားကျက်လောက်ရုံ ရေထည့်၍ ချက်ပါ။
- ကြက်သားကျက်လျှင် ဆန်လှော်မှုန့်ထည့်၍ လိုအပ်သော အပျစ်အနေထားရရှိရန် ရေထည့်ပါ။
- ပြီးလျှင် အရသာအပေါ့အငံ မြည်း၍ နံနံပင်၊ ပင်စိမ်းအုပ်ကာ သုံးဆောင်နိုင်ပါသည်။
ပါဝင်ပစ္စည်းနှင့် အချိုးအစား
မြန်မာကြက် – တစ်ကောင် (တစ်ပိဿာလျော့လျော့)
မြန်မာပင်စိမ်း – ၁၀ ပင်
ဖက်ဖယ်ရွက် ၁၅ ပင်
ရှမ်းနံနံ (ကုလားနံနံ) – ၁၀ ပင်
ငရုတ်သီးခြောက် (အစပ်) – လက်တစ်ဆုပ်
မြန်မာကြက်သွန်ဖြူဥ – လက်တစ်ဆုပ်
ဟွားကြောင်းအစေ့ (အစေ့မရှိရင် အမှုန့်) – တစ်ဇွန်း
ချဉ်စော်ခါးသီးခြောက် – လက်တစ်ဆုပ် (အချဉ်အတွက် မရှိရင် မုန်လာဥဖြူမပါသည့် ရှမ်းမုန်ညင်းချဉ်)
ခရမ်းချဉ်သီးကြီးကြီး – တစ်လုံး
ရိုးရိုးနံနံပင် – အနည်းငယ်
ဆနွင်းမှုန့် – တစ်ဇွန်း
ချင်း – လက်တစ်ဆစ်
ဆား -၂ ဇွန်း
ဟင်းခပ်မှုန့် – တစ်ဇွန်း
ဆန်လှော်မှုန့် – တစ်ပန်းကန် (အပျစ်အကျဲချိန်ထည့်ပါ)