ကြက်သားဆန်ပြုတ် ချက်ပြုတ်နည်း

ကြက်သားဆန်ပြုတ် ချက်ပြုတ်နည်း

  • ကြက်ကောင်လုံး (သို့) ကြက်ပေါင်၊ ကြက်ရင်အုပ်သားကို ရေဆေးပါ။
  • ထို့နောက် ချက်မည့် ပေါင်းအိုး (Pressure cooker ) တွင် ထည့်ပါ။
  • ကြက်သွန်ဖြူ ခွာပြီးသား အလုံးလိုက်၊ ဂျင်းဓားပြား ရိုက်နှင့် ဆား၊ အချိုမှုန့် တို့ကိုလည်း လိုသလောက်ထည့်ပါ။
  • ထို့နောက် ရှမ်းဆန် လက်သုံးဆုပ်လောက်ကို ရေဖြင့်ဆေးထည့်ပြီးနောက် အဖုံးလုံးအောင် ပိတ်၍ မိနစ် ၃၀ ခန့် ချက်၍ ကျက်လျှင် ကြက်သားဆန်ပြုတ်ကို သုံးဆောင်နိုင်ပါသည်။ အကယ်၍ ရိုးရိုးအိုးဖြင့် ချက်ပါက အရည်များ ဝေမကျ စေရန် အဖုံးကို ဖွင့်ထားပါ။ ဆူလျှင် မကပ်စေရန် မကြာခဏ မွှေပေးပါ။
  • ဆန်ပြုတ်ကို ငရုတ်ကောင်းမုန့်၊ ကြက်သွန်မြိတ်၊ နံနံမြိတ် ထည့်၍ စားလေ့ရှိသည်။ ငရုတ်သီးခြောက်အလှော်ထောင်းမှုန့်နှင့် အချဉ်သုတ်၊ သို့မဟုတ် မုန်းညှင်ဖူးချဉ်သုပ်တို့ဖြင့် တွဲဖက် စားသုံးနိုင်သည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။