ကယား

ကယားလူမျိုးများသည် တောင်ဖက်တွင် ကရင်ပြည်နယ်၊ မြောက်ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် အရှေ့ဖက်တွင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ၏ အရှေ့ဘက်ပိုင်း တောင်တန်း ထူထပ်သည့် ဒေသတွင် နေထိုင်ကြသည်။

ကယားလူမျိုးများသည် မွန်ဂိုလွိုက် မျိုးနွယ်စုမှ ဆင်းသက်လာခဲ့ကြသည်။ တောင်ကွဲစေတီ၊ ထီးပွင့်ကန်နှင့် လောပိတရေတံခွန်တို့မှာ ကယားပြည်နယ်၏ သဘာဝလှပသော အထင်ကရနေရာများ ဖြစ်ကြသည်။

ဒီးကူပွဲတော်နှင့် တံခွန်တိုင် (Kay-HToe-Boe) ပွဲတော်တို့မှာ ကယားလူမျိုးတို့ အထွဋ်အမြတ်ထားသော ပွဲတော်များဖြစ်ပြီး နှစ်စဉ် ကျင်းပလေ့ရှိသည်။ တံခွန်တိုင်ပွဲတော်တွင် အမျိုးသားများက ရိုးရာအတီးအမှုတ်များဖြင့် ကကြသည်။ သတ္တုနှစ်မျိုးဖြစ်သော ခဲမဖြူနှင့် အဖြိုက်နက်တို့သည် ကယားပြည်နယ်၏ အဓိကထွက်ကုန်များ ဖြစ်ကြသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက wpreviewer.moea@gmail.com သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။