ကယားစု

ကယားစု

ကယား

ကယားလူမျိုးစုများသည် ကယားပြည်နယ်တွင် အများဆုံးနေထိုင်ကြသည်။ ကယား ပြည်နယ်၌ လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ်များတွင် အများဆုံးနေထိုင်ကြပြီး၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များတွင် အခြားတိုင်းရင်းသားများနှင့် ရောနှောနေထိုင် ကြပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၈)ရွာတွင် လည်းကောင်း၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာတွင်လည်းကောင်း၊ အခြား တိုင်းရင်းသားများနှင့် ရောနှော နေထိုင်လျှက်ရှိပါသည်။

ကယားပြည်နယ် ကန္တာရဝတီ၊ ဘောလခဲနှင့် ကြက်ဘိုးကြီးနယ်များအတွင်း တောတောင် ဒေသများတွင် နေထိုင်ကြသည်။

ဇယိမ်း(ကယန်းလထော)

ဇယိမ်းလူမျိုးတို့သည် မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်အတွင်းပိုင်း၊ တောင်ပေါ်ဒေသများနှင့် အင်းလေး တောင်ပိုင်း၊ အနောက်ဘက်နယ်စပ် (လွိုင်လုံနှင့် မိုင်းပယ်နယ်များ) တွင်နေထိုင်ကြ သည်။

ကယန်း(ပဒေါင်)

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ကယား ပြည်နယ်ရှိ ဒီမောဆိုနယ်တို့တွင် နေထိုင်ကြသည်။ ကယားပြည်နယ်အနောက်ပိုင်းနင့် မိုးဗြဲနယ် တောင်ပေါ်ဒေသများတွင် အများဆုံးနေထိုင်ကြသည်။

ကဲ့ခို

ကယားပြည်နယ်ရှိ လွိုင်ကော်မြို့နယ်၊ ရှားတောမြို့နယ်၊ ဖရူးဆိုးမြို့နယ်နှင့် ဒီမော ဆိုမြို့များ တွင်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ အလယ်ကယန်းကျေးရွာအုပ်စု၊ ကရင်ပြည်နယ် သောက်ရေခပ် နှင့် လိပ်သိုကျေးရွာများတွင် ပြန့်နှံ့ နေထိုင်ကြသည်။

ဂေဘား

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြန့်နှံ့နေထိုင်ကြပြီး တချို့မှာ သထုံမြို့တွင် နှစ်အတန်ကြာ နေထိုင်ခဲ့ကြသည်။ ယခုအခါ ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းတွင် အများဆုံးနေထိုင်ကြ ပါသည်။

ကယားပြည်နယ်တွင် ဖရူးဆိုးမြို့နယ် ကေကော၊ ရောဒေါ်ခေါနှင့် လွိုင်ကော်မြို့နယ် မထောခူကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်တွင်လည်း ပြန့်နှံ့နေထိုင်ကြသည်။

မနုမနော

ကယားပြည်နယ်တွင် ဖရူးမြို့နယ် အနောက်တောင်ခြမ်းဒေသရှိ ကျေးရွာ(၁၉)ရွာတွင် အများဆုံးနေထိုင်ကြပြီး၊ ဖားဆောင်းမြို့နယ် အနောက်ခြမ်းဒေသရှိ ကျေးရွာ(၁၀)တွင်လည်း နေထိုင်ကြသည်။ လွိုင်ကော်နှင့် ဖရူးဆိုးမြို့ပေါ်တွင် အခြားတိုင်းရင်းသားများနှင့်လည်း ရောနှော နေထိုင်ကြပါသည်။

ယင်းတလဲ

ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်အတွင်းရှိိ ကျေးရွာပေါင်း (၈) ရွာတွင်နေထိုင်ကြသည်။ သံလွင်မြစ်အနောက်ဘက်ခြမ်းနှင့် ပွန်ချောင်းအကြား စိုက်ပျိုးရေးဖြစ်ထွန်းသည့် မြစ်ဝှမ်း တလျှောက် တွင်နေထိုင်ကြသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။