ကရင်

ကရင်လူမျိုးများသည် အရှေ့တောင်အာရှဒေသ၏ ကုန်းမြေဒေသရှိ မွန်ဂိုလွိုက်မျိုးနွယ်စုများမှ ဆင်း သက်လာပုံရသည်။ ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အခြေချ နေထိုင်ကြပြီး မြန်မာထိုင်းနယ်နိမိတ် တစ်လျောက်တွင် ပြန့်နှံ့နေထိုင်ကြသည်။ ဇွဲကပင်တောင်သည် ကရင်ပြည်နယ်၏ လှပ၍ ဆွဲဆောင်မှုရှိသော ထုထည်ကြီးမားသည့် ထုံးကျောက်တောင် တစ်ခု ဖြစ်သည်။ မြိုင်ကလေး ထုံးကျောက်တောင်၊ များပြားလှစွာသော သဘာဝဂူများနှင့် ရေပူစမ်းတို့သည် ကရင်ပြည်နယ်၏ သဘာဝ အထင်ကရနေရာများဖြစ်ကြသည်။ သဘာဝလှိုင်ဂူများတွင် ရိုးရာအမွေအနှစ် အသုံးအဆောင်များ၊ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်များဖြင့် ပြည့်နှက်နေသည်။ သံလွင်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသော ကော့ဂွန်းဂူသည် အထင်ရှားဆုံးဖြစ်သည်။ ဆဒ္ဒန်ဂူ၊ ဘုရင့်ညီဂူ၊ ရသေ့ပျံဂူတို့သည် ဘုရားဖူးခရီးသည်များ အတွက် ထင်ရှားသော နေရာများဖြစ်သည်။ ကရင်နှစ်သစ်ကူးပွဲတော်၊ မီးပုံပွဲတော်နှင့် လိပ်ပြာခေါ်ပွဲတော်တို့ကို ရိုးရာပွဲတော်များအဖြစ် နှစ်စဉ် ကျင်းပလေ့ရှိသည်။ သံပြိုင်သီဆို ကခုန်ကြသည့် ကရင်ဒုံးယိမ်းအကသည် စည်းလုံးခြင်း၊ ညီညွတ်ခြင်းကို သရုပ်ဖော်ထားသည့် အကဖြစ်သည်။

လူမျိုးစုနှင့် နေထိုင်ရာဒေသများ

ရိုးရာအစားအစာများ

ရိုးရာဓလေ့ထုံးစံများ

ပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက wpreviewer.moea@gmail.com သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။