ကရင်စု

ကရင်စု

ကရင်

          မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသကြီးနှင့် ကမ်းရိုးတန်းဒေသများ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတန်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်    အခြေချနေထိုင်ကြပြီး မြန်မာ-ထိုင်းနယ်နိမိတ်တလျှောက်တွင် ပြန်နှံ့နေထိုင်ကြသည်။

ကရင်ဖြူ

ကရင်ပြည်နယ် သံတောင်မြို့နယ် ကိုးဒစ်ငွေတောင်ကျေးရွာအုပ်စုရှိသူများ၊ သာမိတိုက် ကျေးရွာအုပ် စုရှိရွာများ၊ မြောက်ဘက် ရမည်းသင်းခရီုင်ရှိတောင်များ၊ အရှေ့ဘက် ကယား ပြည်နယ်၊ ပေါင်းလောင်းမြစ် ဝှမ်းရှိ လွယ်လုံဒေသ၊ ပျဉ်းမနား၊ လယ်ဝေးအရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိရွာများ၊ ပင်လောင်းမြို့နယ် တောင်ပိုင်းရှိရွာများ၊ မြစ်ဝကျွန်းပေါ် မြေပြန့် ဒေသများနှင့် တောင်ကြီးခရိုင်ရှိ ကျေးရွာများတွင် နေထိုင်ကြသည်။

မွန်ကရင် (စာဖြူ)

ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေတွင် အများဆုံးနေထိုင်ကြသည်။

စကောကရင်

ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ တောင်ငူခရိုင်များနှင့် ကော့ကရိတ်နယ်၊ ဒေါန တောင်တန်း၊ လှိုင်ဘွဲ့မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။

ပကူးလူမျိုး

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ တောင်ငူခရိုင်၊ ကရင်ပြည်နယ် သံတောင်မြို့နယ် တောင်ဘက်ခြမ်းတစ်ခုလုံး၊ ထန်းတပင်မြို့နယ်၊ ကျောက်ကြီးမြို့နယ် မြောက်ဘက်ခြမ်း ဒေသရှိကျေးရွာများ၊ ဘောဂလိ၊ စစ်စီးတောင်းနှင့် ပြောင်သိုအရပ်များတွင် နေထိုင်ကြသည်။ မျက်မှောက် ကာလတွင် မြို့ကြီးများသို့ ပြန့်နှံ့စွာပြောင်းရွှေ့နေထိုင် သွားကြ သည်ကို တွေ့ရှိရပါသည်။ သံတောင်မြိ့နယ်နှင့် မော်ချီမိုင်းအနီးကျေးရွာများတွင် နေထိုင်ကြသည်။ ပကူး – မွန်နေဖွား အနွယ်များနှင့်  ရောထွေးနေထိုင်ကြသည်။

ဘွဲလူမျိုး

ဘွဲကရင်အမျိုးသားများသည် သံတာင်မြို့နယ်၊ တောင်ပေါ်ဒေသတစ်လျှောက်တွင် အများ အပြား နေထိုင်ကြသည်။

ပိုးကရင် (အရှေ့ပိုး)

ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ကြားအင်းဆိပ်ကြီး၊ သံလွင်မြစ်အနောက် ကမ်းနှင့် သထုံ၊ ပေါင်၊ ကျိုတ်ထိုမြို့နယ်တို့တွင် ပြန်နှံ့နေထိုင်ကြပြီး မြဝတီ၊ လှိုင်းဘွဲ့မြို့နယ် နယ်စပ် တွင်လည်း နေထိုင်ကြပါသည်။

မိုဘွားလူမျိုး

ကရင်ပြည်နယ် သံတောင်မြို့နယ်၏ အလယ်ပိုင်းကျရောက်သည့်် တောပြာကလေး ကျေးရွာ၊ ကျွဲဖြူ တောင်၊ ငွေတောင်ကြီး၊ ရွာကြီး၊ ကိုးကွေ့၊ ကြက်တိုက်အထက်ရွာ၊ အလယ်ရွာ၊ အောက်ရွာ၊ စီပင်ကြီးကျေးရွာနှင့် ဘာမိုးကျေးရွာများတွင် နေထိုင်ရာမှ ၁၉၈၅-၅၉ ခုနှစ်တွင် နိုင်ငံတော်၏ စုစည်းရွာစီမံချက်အရ ရွာကြီးနှင့်် ကိုးကွေးရွာများကို တောင်ငူ-မော်ချီးသွား မော်တော်ကားလမ်း မိုင်တိုင် ၉ မိုင် ရှိ စခန်းတွင်လည်းကောင်း၊ ကျွဲဖြူတောင်၊ တောပြာကလေး၊ ငွေတောင်ကြီးနှင့် ကြက်တိုကအောက််ရွာ များကို တောင်ငူ-မော်ချီးကားလမ်းမိုင်တိုင် ၁၃ မိုင် ပသိချောင်းတွင်းလည်းကောင်း၊ ကြက်တိုက်အထက်ရွာနှင့် အလယ်ရွာကို တောင်ငူ-မော်ချီးသွား မိုင်တိုင် ၁၆ မိုင် ဉသျှစ်ကုန်းတွင် လည်းကောင်း၊ ဒိုးမူဃား (စီပင်ကြီး) ရွာကို တောင်ငူ-မော်ချီးသွား မိုင်တိုင် ၁၇ မိုင် ချောင်းနှစ်ခွတွင်လည်းကောင်း၊ ဘာမိုး ရွာကို တောင်ငူ-မော်ချီးသွား မိုင်တိုင် ၂၀ မိုင် တွင်လည်းကောင်း အသီးသီးပြောင်းရွှေ့ရာမှ ယနေ့ထိတိုင်  အခြေချနေထိုင်လျက်ရှိပါသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။