ကြက်သားသုပ်ချဉ်စပ် ချက်ပြုတ်နည်း

ကြက်သားသုပ်ချဉ်စပ် ချက်ပြုတ်နည်း

 

ကြက်ကို ခေါင်း၊ ခြေထောက်၊ လည်ချောင်းများခုတ်ပြီး အကောင်လိုက်ရေဆေး၊ အားလုံးအိုးထဲထည့်ပါ။

စပါးလင်ကို ထု၍ စည်းပြီးထည့်ပါ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ အရသာမှုန့်ထည့်ပါ ပြီးလျှင် ရေထည့်ပြီးပြုတ်ပါ။

ရေပွတ်ပွတ်ဆူ၍ ကြက်သားနူးလျှင် ကြက်သားကို ဆယ်ပါ။

အရိုးများကို ချန်ထားပြီး မုန်လာဥနီကို အပိုင်းများ ပိုင်း၍ ထည့်ပါ။

အရိုးပြုတ်ရည်ကို ဟင်းချိုအနေနှင့် သောက်ရန် ဆက်တည်ထားပါ။

ခွေးတောက်ရွက် အနုများကို ပါးပါးလှီးထားပါ၊ သံပုရာသီးစိတ်ထားပါ၊ ငရုတ်သီးစိမ်း ညှပ်ထားပြီး စားခါနီးမှ ခွေးတောက်ရွက်ထည့်၊ ငရုတ်သီးစိမ်းထည့်၊ သံပုရာသီးညှစ်ပါ။

ကြက်သားပြုတ်ကို အသားနွှာပြီး သုတ်မည့်ပန်းကန်ထဲ ထည့်ပါ။

ငရုတ်သီးခွဲခြမ်းနှင့် ကြက်သွန်နီကို ရောထောင်းပြီး ထည့်ပါ။

စိုစိုလေးဖြစ်နေစေရန် အရိုးပြုတ်ရည် ၂ ဇွန်းခန့် ထည့်ပါ။

သံပုရာသီး၊ အရသာမှုန့်၊ ငံပြာရည် အနည်းငယ်ထည့်ပြီ နှံ့အောင် နယ်ပေးပါ။

ထို့နောက် ကရင်ကြက်သားသုတ်ကို ကြက်ရိုးပြုတ်ဟင်းချိုနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါပြီ။

ပါဝင်ပစ္စည်းနှင့် အချိုးအစား

ဗမာကြက် ၁ ကောင် – ၇၀ ကျပ်သား

စပါးလင် – ၃ ပင်

ငရုပ်သီးခွဲခြမ်း – ၁ ထုပ်(သေး) ခွဲခြမ်းမသုံးချင်လျှင် ငရုတ်သီးခြောက် အရှည်တောင့် ၁၀ တောင့်ခန့်ကို အသုံးပြုနိုင်ပါသည်။

ကြက်သွန်နီဥကြီး – ၅ ဥ

ကြက်သွန်ဖြူ – ၃ မွှာ

ခွေးတောက်ရွက် – ၂ စည်း

အရသာမှုန့် (ကြက်သားမှုန့်) – အနည်းငယ်

ငါးငံပြာရည် – အနည်းငယ်

သံပုရာသီး – ၃ လုံး

ငရုတ်သီးစိမ်း – ၅ တောင့်ခန့် (ဟင်းချိုထဲထည့်ရန်)

မုန်လာဥနီကြီး – ၁ ဥ

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။