ပုဇွန်ကိုခေါင်းမြီးဖြုတ်၊ အညစ်အကြေး သန့်စင်ထားပါ။
မျှစ်ချဉ်ကို ပါးပါးသေးသေး လှီး၍ ရေဆေးပြီးစစ်ထားပါ။
ပင်စိမ်းရွက်ကို ရေဆေးပြီး အရွက်ချွေထားပါ။
ငရုပ်သီးခြောက်တောင့်အရှည်ကို ရေစိမ်ထားပြီ ငရုတ်ဆုံဖြင့် ညက်နေအောင် ထောင်းပါ။
ငရုပ်သီးညက်လျှင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ထောင်းပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ညက်ပါက ငါးပိ ထည့်ပြီး ညက်အောင် ထောင်းပါ။
အစပထမပိုင်း မီးအေးအေးတွင် ဒယ်အိုးတင်ပြီး ဆီထည့်၊ နနွင်းမှုန့်ထည့်ပြီး
ထောင်းထားသည့်အရာများကို ထည့်ပါ။
ဆီကျက်၍ အသံမြည်လာလျှင် ပိန်းဥများ ထည့်ပြီး၊ ဆား၊ အရသာမှုန့်တို့ကိုထည့်၍ မွှေပေးပါ။ (ပုံမှန်မီးဖြင့်သုံးရန်)
ဆီပြန်လာလျှင် ရေမြုပ်အောင်ထည့်ပြီး တည်ထားပါ။
ပိန်းဥနူးလျှင် မျှစ်ချဉ်ထည့်၊ ပွက်လာလျှင် ပုဇွန်ကို နောက်ဆုံးမှ ထည့်ပါ။
ပုဇွန်ထည့်ပြီး ပွက်လျှင် ပင်စိမ်းရွက်ကိုထည့်၍ မွှေပေးပါ။
အရသာ ချဉ်စပ်မွှေးသည့် ပုဇွန်ပိန်းဥမျှစ်ချဉ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်နှင့် အချိုးအစား
ပုဇွန်ကြော့/ဆတ်ထုပ် – ၂၀ ကျပ်သား
ပိန်းဥ – ၂၅ ကျပ်သား
ငရုတ်သီးခြောက်(အရှည်တောင့်) – ၇ တောင့်
ကြက်သွန်နီဥကြီး – ၅ ဥ
ကြက်သွန်ဖြူဥကြီး – ၁ ဥ
ပင်စိမ်း – ၁၀ ပင်ခန့်
မျှစ်ချဉ် – ၂၅ ကျပ်သား (ကြိုက်နှစ်သက်ရာ မျှစ်ချဉ်ပါးပါး သေးသေးလှီး၍ အသုံးပြုနိုင်ပါသည်)
နနွင်းမှုန့် – အနည်းငယ်
မျှင်ငါးပိ – ထမင်းစားဇွန်းထက်ဝက်ခန့်
ဆီ – ထမင်းစားဇွန်း ၃ ဇွန်းခန့်