ကြက်ကချင်ချက် ချက်ပြုတ်နည်း
- ပထမဆုံး ကြက်သားကို ရေစင်အောင်ဆေး၍ အရိုးထွင်ပြီး အတုံးလေးများဖြစ်အောင် လှီး၍ ပန်းကန်လုံးတစ်ခုထဲသို့ ထည့်ထားပါ။
- ရှမ်းနံနံ၊ ပင်စိမ်းနှင့် ဖတ်ဖယ်ရွက်များကို ပါးပါးလှီးပါ။ ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ၊ ချင်းနှင့် ကချင်ငရုတ်ကောင်းကို ညက်အောင် ထည့်ထောင်းပါ။
- အတုံးတုံးထားသော ကြက်သားပန်းကန်ထဲသို့ ပါးပါးလှီးထားသော အရွက်များ၊ ထောင်းထားသော ကြက်သွန်နှစ်များ၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ဆီအနည်းငယ်၊ မက်လင်ခြောက် အနည်းငယ်ထည့်၍ သမအောင် ဖိနယ်ပါ။
- ပြီးလျှင် ငရုတ်သီးစိမ်းများကို ထက်ခြမ်းခွဲ ထည့်ပါ။ အစပ်ကြိုက်လျှင် များများထည့်နိုင်ပါသည်။
- ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် သမအောင် နယ်ထားသော ကြက်သားများကို ထည့်ပါ။
- ပြီးလျှင် ကြက်သွန်ထောင်းထားသော ငရုတ်ဆုံထဲသို့ ရေအနည်းငယ် ထည့်ကျင်း၍ ကျင်းရေကို ကြက်သား မြုပ်ရုံထည့်ပါ။
- ကြက်သားနူးလျှင် ပန်းကန်ဖြင့် ထည့်၍ အပေါ်မှ နံနံပင်ဖြူးကာ သုံးဆောင်နိုင်ပါသည်။
ပါဝင်ပစ္စည်းနှင့် အချိုးအစား
ကြက်သား – ၃၀ ကျပ်သား
ကြက်သွန်ဖြူ (ဥတစ်လုံး) – ၂၀ လုံး
ချင်း – အနည်းငယ်
ကချင်ငရုတ်ကောင်း (မကျန်စေ့) – အနည်းငယ်
ရှမ်းနံနံ – ၂ စည်း
ပင်စိမ်း – အနည်းငယ်
နံနံပင် – အနည်းငယ်
ဖတ်ဖယ်ရွက် (မခေါနမ်) – အနည်းငယ်
ငရုတ်သီးစိမ်း – နှစ်သက်သလို
မက်လင်ခြောက် – အနည်းငယ်
ဆီ – ၂ ကျပ်ခွဲသား
ဆား – အနည်းငယ်
သကြား – အနည်းငယ်