တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ

မြန်မာနိုင်ငံသည် လူမျိုးစုများအလိုက် ရှည်လျားသော သမိုင်းကြောင်းများ၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်သည့်ဘာသာ အမျိုးမျိုးတို့ကို ပိုင်ဆိုင်ထားကြသော အဓိက တိုင်းရင်းသားမျိုးနွယ်စု ၈ စုမှ မျိုးနွယ်စုဝင် ၁၀၀ ကျော် အခြေချနေထိုင်လျက်ရှိသည့် ပြည်ထောင်စုနိုင်ငံတော် တစ်ရပ်ဖြစ်သည်။ မိသားစုခြင်း ချစ်ခင်ရင်းနှီးမှု၊ လူကြီးမိဘများအား ရိုသေလေးစားမှု၊ အစဉ်အလာအုပ်ချုပ်မှုပုံစံများ၊ ဘာသာတရားနှင့် မိရိုးဖလာ သက်ဝင်ယုံကြည်မှုများ၊ ဝတ်စားဆင်ယင်မှုပုံစံများ၊ စသည့် ရိုးရာဓလေ့ထုံးစံများမှာ ကွဲပြားခြားနားသည် ဆိုသည့်တိုင် အခြေခံသဘောအားဖြင့် မြန်တူညီမှုများ ရှိနေသည်ကို တွေ့မြင်နိုင်သည်။ မြန်မာလူမျိုးများသည် အခက်အခဲဒုက္ခများ ရင်ဆိုင်ရသည့်တိုင် တင်းတိမ်ရောင့်ရဲကာ ကျေနပ် ပျော်ရွှင်နိုင်သောလူမျိုးများဖြစ်ပြီး ရိုးသားပျူငှာ၍ ပွင့်လင်း ဖော်ရွေမှုများကြောင့် ထင်ရှားကျော်ကြားသည်။

သမိုင်းနောက်ခံများ၊ ဘာသာရေး၊ ယဉ်ကျေးမှုတို့နှင့် ဆက်စပ်နေသော စေတီပုထိုးများ၊ ဘုရားကျောင်းများနှင့် အထိမ်းအမှတ်အဆောက်အဦများ၊ ကွဲပြားခြားနားသော တိုင်းရင်းသားတို့၏  ထူးခြားဆန်းပြားသော ရိုးရာအနုပညာလက်ရာများကို စိတ်ဝင်တစား လေ့လာမှတ်သားဖွယ်များအဖြစ် နေရာအနှံ့တွင် တွေ့မြင်နိုင်၍ ယင်းတို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် အရှည်တည်တံ့စေရန် ထိန်းသိမ်းသွားကြရမည် ဖြစ်သည်။

TraditionalCulture1

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက wpreviewer.moea@gmail.com သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။