ရည်ရွယ်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း သမိုင်းအစဉ်အဆက် မှီတင်းနေထိုင်လျက် ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် တစ်စု တစ်စည်းတည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမို ကိန်းအောင်း ခိုင်မာလာစေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရန်။
နောက်ခံသမိုင်း
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် ၁၀ မြောက်ရပ်ကွက်၊ ရန်ကုန်-သံလျင် တံတားအနီးရှိ မြေဧက ၁၁၁ ဧကပေါ်တွင် ၁၉၉၄ ခုနှစ်၊ ဧပြီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအား စည်ပင်သာယာရေးဦးစီး ဌာနနှင့် Mahar International Co,Ltd တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ၂၅-၅-၁၉၉၅ ရက်နေ့တွင် စတင်ပန္နက်ရိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် Mahar International Co,Ltd မှ ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိတော့၍ လုပ်ငန်းရပ်ဆိုင်း ခဲ့ရပါသည်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ တွင် Fair Trade Co,Ltd နှင့် အကျိုးတူ ပူးပေါင်း၍ စီမံကိန်း လုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းလုပ်ငန်း ကြီးကြပ် မှုတာဝန်အား စည်ပင်သာယာရေးဦးစီးဌာနမှ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနသို့ ၁၉၉၈ ခုနှစ် မေလတွင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ Fair Trade Co,Ltd အနေဖြင့်လည်း စီမံကိန်းနယ်မြေ တစ်ခုလုံးအား ဆက်လက်ဆောင်ရွက်နိုင်သည့် အခြေအနေမရှိ တော့သည့်အတွက် ၁၄-၈-၂၀၀၀ ရက်နေ့မှစ၍ လက်မှုအနုပညာပြခန်းဆောင်အပါအဝင် ၁၀ ဧက ကို သာ BOT စနစ်ဖြင့် ငှားရမ်းဆောင်ရွက်လျက်ရှိပြီး ကျန် ၁၀၁ ဧကကို နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လွှဲပြောင်းတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
၂၂-၁-၂၀၀၄ ရက်နေ့တွင် ရတနာဂိတ်ခြံစည်းရိုးနှင့် အရာရှိလိုင်းလမ်း စပ်ကြားမြေ ၆ ဧက တိုးချဲ့ ခွင့်ပြုခဲ့သဖြင့် စုစုပေါင်း ၁၁၇ ဧကပေါ်တွင် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ပြီး ၅-၃-၂၀၀၉ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၅-၃-၂၀၀၉ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ လုပ်ငန်းတာဝန်များအား နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စည်ပင်သာယာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ် ခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအား ၅-၃-၂၀၀၉ ရက်နေ့မှစ၍ စည်ပင်သာယာရေး ဦးစီးဌာနမှ ပုံမှန်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၇-၆-၂၀၁၂ ရက်နေ့တွင် နယ်စပ် ရေးရာဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဦးစီးဌာနအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအဖြစ် ဦးစီးဌာနအမည်နှင့်လုပ်ငန်းတာဝန်များ ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ၉-၈-၂၀၁၃ ရက်နေ့တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လည်းကောင်း၊ ၃၀-၃-၂၀၁၆ ရက်နေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကြီးကြပ်မှုဖြင့်လည်းကောင်း၊ ဝန်ကြီးဌာနများ ပြောင်းရွှေ့ ဆောင်ရွက်ခဲ့ရသော်လည်း ပြည်ထောင်စုတိုင်း ရင်းသားကျေးရွာ၏ စိမ်းလန်းစိုပြေရေးနှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက် နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၈/၂၀၁၉) မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြီးကြပ် မှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ တာဝန်ခံဝန်ကြီးဌာနအဖြစ် လွှဲပြောင်းပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အနီးကပ်ကြီးကြပ် ဆောင်ရွက်နိုင်ရေး လွှဲပြောင်းပေးအပ်ရန် သဘောတူဆုံးဖြတ်ခဲ့ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာနှင့်သက်ဆိုင်သည့် စာရင်းအင်းအချက် အလက်များ၊ စီမံကိန်းစာရင်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနသို့ ၆-၆-၂၀၁၉ ရက်နေ့တွင် စနစ်တကျ လွှဲပြောင်း/လက်ခံ ဆောင် ရွက်ခဲ့ကြပါသည်။