ဗမာ

ဗမာလူမျိုးတို့သည် တိဗက်-ဗမာ (Tibeto-Burma) အနွယ်ဝင်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီ၊ စစ်တောင်းနှင့် ချင်းတွင်းမြစ်ဝှမ်းလွင်ပြင်ဒေသတို့တွင် အများစုနေထိုင်ကြပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။ မြန်မာပြည် အထက်ပိုင်းဒေသတွင် ကျန်ရှိနေသည့် ရှေးဟောင်းသမိုင်းဝင် ပုဂံဒေသ၊ စစ်ကိုင်းတောင်တန်းရှိ သာသနိကအဆောက်အအုံနှင့် စေတီပုထိုးများ၊ မန္တလေးနန်းတော်ရာ၊ ရွှေကျောင်းနှင့် ဦးပိန်တံတားတို့မှာ ဗမာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်သည်။ သနပ်ခါးသည် မြန်မာလူမျိုးတို့၏ အသားအရေ ထိန်းသိမ်းရာတွင် သဘာဝပစ္စည်းအဖြစ် ထင်ရှားသည်။ ယွန်းဖြင့် ပြုလုပ်ထားသော လူသုံးကုန် ပစ္စည်းများနှင့် ဘာသာရေး အသုံးအဆောင်ပစ္စည်းများသည် ထင်ရှားကျော်ကြားလှသည်။ ကျောက်ဆည် ဆင် အက၊ ရိုးရာခြင်း အလှခတ်ပွဲတို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ ပျော်ရွှင်ဖွယ်ပွဲတော်များ ဖြစ်သည်။ ချောင်းသာ၊ ငွေဆောင်၊ မောင်းမကန် ကမ်းခြေတို့မှာ သာယာလှပသော အပန်းဖြေစခန်းများ ဖြစ်ကြသည်။ မြန်မာ အစားအစာများအနက် မုန့်ဟင်းခါးမှာ လူကြိုက်များ၍ ထင်ရှားသော မြန်မာ့ရိုးရာ အစားအစာဖြစ်သည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။