ဗမာစု

ဗမာစု

ဗမာလူမျိုး

မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီ၊ စစ်တောင်းနှင့် ချင်းတွင်းမြစ်ဝှမ်းလွင်ပြင်ဒေသတို့ တွင် အများစုနေထိုင်ကြပြီး မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း ပြန့်နှံ့နေထိုင်ကြသည်။ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ် ဦးရုချောင်းဘက်တွင်လည်း နေထိုင်ကြသည်။

ဆော(ယော)လူမျိုး

ပခုက္ကူခရိုင်ရှိ ထီးလင်း၊ ဆောနှင့် ဂန့်ဂေါမြို့နယ်တို့တွင် နေထိုင်ကြသည်။

ထားဝယ်လူမျိုး

ထားဝယ်မြစ်ကြောင်းတလျှောက်တွင်  ကျောက်ခေတ်သစ်ကာလ ကတည်းက လူသား များမှာ အခြေချနေထိုင်ခဲ့ကြကြောင်း၊ လက်ရှိထားဝယ်ဒေသတွင် ထားဝယ်ဟူသော မြို့အ မည်နှင့် အရပ် ဒေသကို မတွေ့ရသဖြင့် ထားဝယ်ဟူသော အခေါ်အဝေါ်မှာ ထားဝယ်လူမျိုးများ နေထိုင်ရာ အရပ်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်ကြောင်း သိနိုင်ပါသည်။

ကဒူးလူမျိုး

မူလနေထိုင်ရာမှာ  ကသာခရိုင်၊ မန်စီမြို့ဖြစ်သည်။ ယခုအခါ ဝန်းသို၊ ကောလင်း၊ ထီး ချိုင့်၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ အင်းတော်ကြီးအိုင်ဝန်းကျင်တွင် နေထိုင်ကြသည်။

ကနန်းလူမျိုး

ကနန်းလူမျိုးများသည် အများစုနေထိုင်ရာဒေသမှာ ပင်လယ်ဘူးမြို့နယ်၊ မူးမြစ်ဖျား ဒေသတွင် နေထိုင်ကြပြီး ကသာခရိုင်တွင်လည်း အများစုနေထိုင်ကြသည်။

ဆလုံလူမျိုး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဇာဒက်ကြီးကျေး ရွာ၊မကျုံဂလက်ကျေးရွာ၊ညောင်ဝိကျေးရွာ၊ ဂျလန်းကျွန်း၊ ဂျာအုန်းကျွန်းနှင့် လငန်းကျွန်းတို့တွင် နေထိုင်ကြသည်။

ဖွန်လူမျိုး

မြစ်ကြီးနားအရှေ့မြောက်  ပထမမြစ်ကျဉ်းအနီးတွင် အချို့နေထိုင်ကြပြီး အချို့သည် မိုးကောင်းအောက်ဘက်တွင်  မြို့ရွာထောင်ပြီးနောက် ချင်းတွင်းဘက်သို့ တစတစပြောင်းရွှေ့ နေထိုင်ကြသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။