မူဝါဒ (Policy)

မူဝါဒ (Policy)

၁။  တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့်  ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိရေး၊

၂။  တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေးနှင့် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်အခြေခံ၍ ထာဝစဉ် အတူတကွ လက်တွဲနေထိုင်ရေး၊

၃။  တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊

၄။  တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊

မျှော်မှန်းချက် (Vision)

တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်

တာဝန် (Mission)

၁။  တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေး စသည့် ပြည်ထောင်စုစိတ်ဓာတ်များ တိုးတက်ရှင်သန်စေရေး ဆောင်ရွက်ရန်၊

၂။  တိုင်းရင်းသားများ၏ အခွင့်အရေးကို ဥပဒေပါ သတ်မှတ်ချက်များအတိုင်း အပြည့်အဝ ခံစားရရှိစေရေး ဆောင်ရွက်ရန်၊

၃။  တိုင်းရင်းသားများ၏ စကား၊ စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှု အမွေအနှစ် များနှင့် ရိုးရာဓလေ့ ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်ရန် နှင့် ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရန်၊

၄။  တိုင်းရင်းသားများ၏မူလဝိသေသလက္ခဏာများမပျောက်ပျက်စေရေးအတွက် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးဆောင်ရွက်ရန်၊

၅။  တိုင်းရင်းသားလူမျိုးများ၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေး စသည့် လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရေး ဆောင်ရွက်ရန်၊

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက wpreviewer.moea@gmail.com သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။