မွန်ပြည်နယ်နေ့
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မွန်ပြည်နယ် ပေါ်ပေါက်လာသည့်အတွက် အခြေခံဥပဒေအတည်ပြုသည့်နေ့ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် မူလက သတ်မှတ်ခဲ့သည်။
သို့သော် အခြေခံဥပဒေနေ့နှင့် တစ်ထပ်တည်းဖြစ်နေသည့်အတွက် ယင်းနေ့ကို ပယ်ဖျက်ကာ လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် မွန်ပြည်နယ်ပေးရန် အတည်ပြု ဆုံးဖြတ်ခဲ့သည့် မတ်လ ၁၉ ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြပါသည်။