ရခိုင်

ရခိုင်လူမျိုးတို့သည် ရခိုင်ပြည်နယ်တွင် အများစု နေထိုင်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပျံ့နှံ့ နေထိုင်ကြသည်။ ဗုဒ္ဓဘာသာသည် ခရစ်တော် မပေါ်မီကပင် ရခိုင်ဒေသသို့ ရောက်ရှိခဲ့ သည်။ ရှေးဟောင်း မြောက်ဦးဒေသရှိ သျှစ်သောင်းပုထိုးတော်၊ ကိုးသောင်းပုထိုးတော်၊ မဟာမုနိဘုရားနှင့် ထုက္ကန့်သိမ်တို့သည် ထင်ရှားသောဘုရားများ ဖြစ်ကြသည်။ ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၏ ထင်ရှား၍ သာယာဖွယ်ကောင်းသည့် ကမ်းခြေ ဖြစ်သည်။ ရခိုင်ပြည်နယ်၏ အထင်ရှားဆုံးသော ပွဲတော်များမှာ ကျင်ကိုင်ပွဲ၊ ရထားဆွဲပွဲ၊ လောင်းလှေပြိုင်ပွဲတို့ ဖြစ်ပြီး ရခိုင်တစ်မျိုးသားလုံး စိတ်အားထက်သန်စွာ ပါ၀င်ဆင်နွှဲကြသည့် ပွဲများ ဖြစ်ကြသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့သည် ရခိုင်ပြည်နယ်၏ သဘာဝသယံဇာတပစ္စည်းများ ဖြစ်ကြသည်။ ကြာရှည်ခံ ပင်လယ်ထွက် ကုန်ပစ္စည်းများဖြစ်သည့် ငါးခြောက်နှင့် ပုဇွန်ခြောက်တို့မှာ အထင်ရှားဆုံးဖြစ်သည်။ ရခိုင်မုန့်တီမှာ ထင်ရှားပြီး လူကြိုက်များသည့် အစားအစာ တစ်မျိုး ဖြစ်သည်။

လူမျိုးစုနှင့် နေထိုင်ရာဒေသများ

ရိုးရာအစားအစာများ

ရိုးရာဓလေ့ထုံးစံများ

ပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက wpreviewer.moea@gmail.com သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။