ရခိုင်စု

ရခိုင်စု

ရခိုင်လူမျိုး

ရခိုင်ပြည်နယ်တွင် အများဆုံးနေထိုင်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်းကောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းများတွင် လည်းကောင်း ပြန့်နှံ့နေထိုင်ကြသည်။  စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ(၃)ခရိုင်မြို့နယ်ကျေး ရွာများတွင် အများဆုံးနေထိုင်ကြသည်။

ကမန်လူမျိုး

သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ဝန်းကျင်တွင် နေထိုင်ကြပါသည်။

ခမီလူမျိုး

ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ကုလားတန်မြစ်ရိုးတစ်လျှောက်တွင် နေထိုင် ကြသည်။

ဒိုင်းနက်လူမျိုး

ဒိုင်းနက်(၈)မျိုးအနက် လက်ဝဲတောင်ဒိုင်းနက်များသည် ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့များ တွင် နေထိုင်ကြသည်။ မောင်ညိုတောင်ဒိုင်းနက်တို့သည် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်တို့တွင် နေထိုင်ကြသည်။   ကျန်ဒိုင်းနက်တို့သည်   ဘူးသီးတောင်၊   မောင်တောမြို့နယ်များနှင့် လေးမြို့ ချောင်းများတွင် ပြန့်နှံ့နေထိုင်ကြသည်။   စစ်တွေမြောက်ဘက်  ရခိုင်တောင်ရိုးပိုင်းတွင်  အများဆုံး နေထိုင် ကြသည်။

မရမာကြီးလူမျိုး

မရမာကြီးတို့သည်        ရခိုင်ပြည်နယ်တွင်       အစဉ်အမြဲ နေထိုင်သူများဖြစ်ကြပြီး  စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊  မြောက်ဦး၊ မင်းပြား၊  ပန်းမြောင်း၊ ဖုံသာ၊ ဆင်အိုးရွာ၊ မြေပုံနှင့် ကျောက်ဖြူ မြို့နယ်တို့တွင် မြို့ပေါ်နှင့် ကျေးရွာအသီးသီးတို့တွင် နေထိုင်ကြသည်။

မြိုလူမျိုး

မြိုတိုင်းရင်းသားတို့သည် ရခိုင်ပြည်နယ် မြို့ဟောင်း (မြောက်ဦး) မြို့နယ်ရှိ အကြီးတော်မတိုက်နယ်နှင့် ရမ်းချောင်းတိုက်နယ်များတွင် လည်းကောင်း၊ ကျောက်တော်မြို့နယ်ရှိ သရီချောင်း၊ ပီချောင်း၊ ယိုးချောင်းနှင့် တောမိရွာတို့တွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စမ်းပတီချောင်း၊ တောဖျားချောင်း၊ ကြိမ်ချောင်းနှင့် မောင်းမချောင်းများတွင် လည်းကောင်း၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်းဒေသနှင့် မောင်တောမြို့နယ်မြောက်ပိုင်း အင်တူလာ ဘော်တူလာ စသည့်ဒေသများတွင်လည်းကောင်း ပြန့်နှံ့နေထိုင်ကြသည်။

သက်လူမျိုး

ရခိုင်ပြည်နယ်၏  တောင်ရိုးနယ်များဖြစ်သော ဝေလာတောင်ကျေးရွာ၊ ခမောင်းဆိပ်၊ အောင် ချမ်းသာကျေးရွာ၊  တပ်ချောင်းကျေးရွာ၊  မင်္ဂလာညွန့်၊  တမန်းသား၊  သက်ကိုင်ညှာ၊   ရန်အောင်မြင်၊ အောင်ဇေယျ၊ လေးမိုင်မန်ကျည်းကုန်းကျေးရွာတို့ တွင်လည်းကောင်း၊ ဘူးသီးတောင် မြို့နယ် ကျွန်း ပေါက်၊   ကထီးလှ၊   ဂုပ္ပီ(အောင်ဇေယျ)  ကျေးရွာတို့တွင် လည်းကောင်း၊   ရသေ့တောင် မြို့နယ် အောင်ဆိပ်၊    ချွတ်ပြင်၊   ချောင်းဝ၊   တောင်ရင်းတောင်တန်းရပ်ကွက်  တို့တွင် လည်းကောင်း၊ မြောက်ဦးမြို့နယ်  အောင်မင်္ဂလာရပ်ကွက်၊  ဆင်ချဆိပ်၊ မြို့သစ်ရပ်ကွက်များတွင် လည်းကောင်း၊ စစ်တွေမြို့ပေါ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပြန့်ကျဲနေထိုင်လျက်ရှိကြပေသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။