

ဆောင်ရန်
– ရောက်ရာအရပ်တွင် ရွာအကြီးအကဲနှင့် ထုံးတမ်းစဉ်လာကိုမေး၍ လိုက်နာပါ။
– ရပ်ရွာရှိ သာသနာ့အဆောက်အဦနှင့် မြေများအတွင်း ဝင်ရောက်လျှင် သာသနာရေး စည်းမျဉ်းများအတိုင်း လိုက်နာပါ။
– အိမ်ထဲဝင်လျှင် အိမ်ရှေ့တံခါးပေါက်မှသာဝင်ပါ။ ဧည့်ခန်းမီးဖိုရှိရာတွင်သာ ထိုင်ပါ။ (အိမ်နောက်ဖေးတံခါးသည် အိမ်ရှင်အတွက်သာ ဖြစ်သည်။)
– အိမ်ရှင်ချထားပေးသော ရေဗူးမှ ရေကိုသာ သောက်သုံးပါ။ ခေါင်ရည်တည်လျှင် သောက်တတ်က သောက်ပါ။
– ကတိပေးမိလျှင် တည်ပါ။
– တပ်စခန်းတွင် လုံခြုံရေးကြောင့် ရပ်သူရွာသားများနှင့် ၎င်းတို့ပိုင် တိရိစ္ဆာန်များ မဝင်ရောက်စေလိုပါက အကြီးအကဲများနှင့် ပြေလည်အောင် ရှင်းလင်းပြောပြပါ။ နားမလည်၍ ဝင်လာသူများကို ချက်ချင်း အရေးမယူရ။
– အလုပ်သမား ငှားရမ်းခကို ပုံသေနှုန်း ရှင်းပြပြီးမှ ငှားပါ။ ငှားပြီး အတိအကျ စာရင်း ရှင်းပါ။
– နန ခေါ် ရှောင်ကြည်ရက်များတွင် ရွာတွင်း ရောက်နေက ရွာတွင်း၌ပင် နေပါ။ ရွာပြင်တွင်ရှိနေက ရွာပြင်တွင်သာ နေပါ။
– တိုင်းရင်းသားအိမ်တစ်ခုကို လက်နက်များယူဆောင်သွားရလျှင် အိမ်ရှင်အကြီးအကဲအား ခွင့်တောင်းပါ။
ရှောင်ရန်
– ရပ်ရွာလူထု ကျင်းပသော ဘာသာရေးအခမ်းအနား ပွဲလမ်းသဘင်များတွင် အနှောင့် အယှက်မပြုမိစေရန် ယာဉ်မောင်းရဲဘော်များ တတ်နိုင်လျှင် ရှောင်ကွင်းမောင်းနှင်ရန်။
– သီးဦး၊ သီးပွင့်များကို ပိုင်ရှင်မခူးမီ မခူးရ။
– အိမ်တွင်း မွေးထားသော တိရိစ္ဆာန်များမှာ များသောအားဖြင့် နတ်ပူဇော်ရန်ဖြစ်၍ ဖမ်းယူ စားသောက်ခြင်း မပြုရ။
– သား – ငါး -ကြက် − ဝက် သီးနှံများကို မရောင်းလျှင် အတင်းမဝယ်ရ။
– ဝိုင်းဖွဲ့၍ ကရသော အကမျိုးမှာ ဘာသာရေးနှင့် ဆက်စပ်နေတတ်သည်။ ၎င်းတို့၏ ယုံကြည် ကိုးကွယ်မှုကို ထိခိုက်စေသော အပြုအမူမျိုး မပြုရ။
– နတ်ကိုးကွယ်သူများကို နတ်နှင့် ပတ်သက်သော အကြောင်းအရာများမမေးရ။ မဆွေးနွေးရ။
– နတ်စင်ပေါ်တွင် ပစ္စည်းတင်ခြင်း၊ အဝတ်လှန်းခြင်း၊ နတ်စင်အနီးတဝိုက်တွင် သစ်ဝါး ခုတ်ခြင်း၊ မြေတူးခြင်း၊ သားငှက်တိရိစ္ဆာန် ပစ်ခြင်းမပြုရ။
– နတ်ပွဲများ နတ်ပူဇော်ရာ နေရာများသို့ မဖိတ်ဘဲမသွားရ၊ မလွှဲသာ၍ ရောက်သွားလျှင် ၎င်းတို့ပြုလုပ်ထားသော အထိမ်းအမှတ်များကို လုံးဝမကိုင်ရ၊ စည်းဝိုင်းအတွင်း မဝင်ရ။
– စပါးနယ်သော နေရာသို့ ဧည့်သည်မသွားရ။ မလွှဲသာ၍ ရောက်ခဲ့လျှင် ဘိနပ်မစီးရ ဓါး၊ သေနတ်စသော လက်နက်များ ကိုင်ဆောင်မသွားရ။
– နတ်ပွဲကျင်းပသည့်နေ့ရက်တွင် အလုပ်သမားများ ဆင့်ခေါ်ခြင်း၊ အလုပ်လုပ်ခိုင်းခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း မလုပ်ရ၊ မိမိအလုပ်သမားထဲမှ နတ်ပွဲသွားခွင့်တောင်း လျှင် မငြင်းပယ်ရ။
– အိမ်ရှေ့ပေါက် အများမြင်နိုင်သော နေရာတွင် ကြိုးတန်းထားလျှင် အိမ်ထဲမဝင်ရ၊ မေးမြန်းပြီး အခွင့်ရမှ ဝင်ရမည်။
– တည်းခိုနေထိုင်စဉ် အိမ်ရှင်၏ အိမ်ခန်းတွင်းသို့ မဝင်ရ၊ အိမ်ပေါက်ဝတွင် မျက်နှာ မသစ်ရ၊ လ္ဘက်ရည် ကျည်တောက်ကို အိမ်ပေါက်ဘက်သို့ ဦးတည်ထားခြင်း၊ ဖိုခနောက် နေရာရွှေ့ခြင်းများ မပြုရ၊ အိပ်သည့်အခါ နတ်စင်ဘက်သို့ ခေါင်းပြု မအိပ်ရ။