တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝ ရရှိစေရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်လျက် ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေးနှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ထာဝစဉ် အတူတကွ လက်တွဲနေထိုင်ရေးတို့အတွက် ဦးတည်ကာ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် တိုင်းရင်းသား လူမျိုးများ၏စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးလျက် တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။