သုတေသနနှင့် ဖွံ့ဖြိုးရေး

သုတေသနနှင့် ဖွံ့ဖြိုးရေး

        ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်စေပြီး တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်လျက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည် –

၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်

ချင်းတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းကို လေ့လာခြင်း ဥပဒေစာတမ်း အပိုင်း (၁) အား ပြုစုနိုင်ခဲ့ပါသည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်

 မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (၂၀၁၉−၂၀၂၈) ကို ရေးဆွဲရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များ စစ်တမ်းကောက်ယူခြင်း အစီအစဉ်ပေါင်း ၆၁ ကြိမ် ဆောင်ရွက်ရန် စီမံချက် ချမှတ်ထားခဲ့သော်လည်း လုပ်ငန်းလိုအပ်ချက်အရ စုစုပေါင်း ၆၄ ကြိမ် ဆောင်ရွက်နိုင်ခဲ့သဖြင့် မူလ ရည်မှန်းချက်ထက် ပိုမို ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ အစီအစဉ်များတွင် တိုင်းရင်းသားပြည်သူလူထု စုစုပေါင်း ၆၆၄၉ ဦးတို့ ပူးပေါင်းပါဝင်ခဲ့ကြကာ စစ်တမ်းဖြေဆိုသူပေါင်း ၄၃၀၆ အထိရှိခဲ့ပါသည်။ 

ထို့အပြင် တိုင်းရင်းသားကလေးငယ်များ ဘာသာစကားစွမ်းရည် တိုးတက်လာမှု အခြေအနေနှင့် တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူမှုဖြစ်စဉ် တိုးတက်ရေးအတွက် အထောက်အကူပေးနိုင်မည့်အခြေအနေများကို ပညာရေးဝန်ကြီးဌာနက သုတေသနပြု ဆောင်ရွက်သည့်စီမံချက်တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ UNICEF၊ UNESCO၊ UIF နှင့် OPM တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံရှိ ကျောင်းပြင်ပရောက်ကလေးများ၏ အခြေအနေကို လေ့လာ အကဲဖြတ်သည့် သုတေသနလုပ်ငန်း (Out of School Children Initiative – OOSCI) တွင်လည်းကောင်း ပညာရေးသုတေသနစီမံကိန်း လေ့ကျင့်ရေးဦးစီးဌာနနှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပြည်တွင်း၊ ပြည်ပတွင်ဆောင်ရွက်သောအလုပ်ရုံဆွေးနွေးပွဲ၊သင်တန်းများတက်ရောက်ခြင်း

သုတေသနစာတမ်းပြုစုခြင်း

 

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက wpreviewer.moea@gmail.com သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။