အသိပညာပေးခြင်း

တိုင်းရင်းသားလူမျိုးများနှင့် ယင်းတို့၏ဒေသများ၌ စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အမွေအနှစ်များ ထိန်းသိမ်းရေး၊ အချင်းချင်း ရိုင်းပင်းကူညီရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဤဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများ အဖွဲ့အစည်းများနှင့်အတူ ဒေသအသီးသီးရှိ တိုင်းရင်းသားလူမျိုးများ အကြား တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိအမြင်များ နိုးကြားစွာဖြင့် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်လျက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ဝန်ကြီးဌာန၏ တာဝန်ဝတ္တရားများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာများ ဟောပြော ဖြန့်ဝေစည်းရုံးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည် –

၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်

  • မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ နောက်ခံသမိုင်း၊ နေထိုင်ရာဒေသနှင့် အထင်ကရနေရာများ၊ ရိုးရာဓလေ့ထုံးတမ်းများ၊ ပွဲတော်များ၊ ရိုးရာအက များ၊ တိုင်းရင်းသားရိုးရာအစားအသောက်များ၊ သဘာဝတွင်းထွက်များ စသည့် သိမှတ်ဖွယ်အချက်အလက်များ ဖော်ပြသည့် လက်ကမ်းစာစောင်များကို ပြုစုခဲ့ရာ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အဓိကလူမျိုးစုကြီး ၈ မျိုး အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၄၀ တို့၏ အချက်အလက်များကို  မြန်မာ-အင်္ဂလိပ် ၂ ဘာသာဖြင့် ထုတ်ဝေနိုင်ခဲ့ပါသည်။
  • ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီကကြီးမှူး၍ ၂၆-၃-၂၀၁၈ ရက်နေ့မှ ၃၁-၃-၂၀၁၈ ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည့် စကောကရင်စာပေ သင်ကြားပေးသည့် ဆရာ၊ ဆရာမများ အရည်အချင်းမြှင့်တင်ရေး နွေရာသီမွမ်းမံသင်တန်းတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောပို့ချခြင်း တစ်ကြိမ်ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်

  • တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနသည် တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာဓလေ့ထုံးတမ်းများအပါအဝင် အခြေခံအချက်အလက်များကို စုစည်း ဖော်ပြသည့် လက်ကမ်းစာစောင်များအား ဆက်လက် ရှာဖွေ စုစည်း ပြုစုခဲ့ရာ ယခင် မျိုးနွယ်စု ၄၀ တို့၏ အချက်အလက်များအပြင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တိုင်းရင်းသားလူမျိုး ၂၄ မျိုးတို့၏ အခြေခံအချက်အလက်များကို ထပ်မံ စုစည်း ပြုစုနိုင်ခဲ့သဖြင့် တိုင်းရင်းသားမျိုးနွယ်စုတို့၏ လေ့လာမှတ်သားဖွယ်ရာ အချက်အလက်များကို စုစည်း ပြုစု ဖြန့်ဝေခြင်းတွင် မျိုးနွယ်စုပေါင်း ၆၄ မျိုးအထိရှိလာခဲ့ပါသည်။

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို မြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် မျှော်မှန်းချက်ထားရှိ၍ လုပ်ငန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအနေဖြင့်လည်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ သက်ကြီးပင်စင်၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများနှင့် စပ်လျဉ်းသည့် “တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်း” အစီအစဉ်များကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည် –

  • မကွေးတိုင်းဒေသကြီး
  • ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ စပါးရင်းတွင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက တိုင်းရင်းသား စာပေနှင့်စပ်လျဉ်း၍လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်စန်းလင်းက ဝန်ကြီးဌာနအား မိတ်ဆက်ခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဟောပြောခဲ့ပါသည်။
  • အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း၊ ဆင်ပေါင်ဝဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ဝန်ထမ်းများ၊ ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရှို တိုင်းရင်းသား တိုင်းရင်းသူများ အပါအဝင် စုစုပေါင်း ၉၈ ဦး တက်ရောက်ခဲ့ကြ ပါသည်။
  • ပဲခူးတိုင်းဒေသကြီး
  • ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၁၀)ရက်နေ့တွင် မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးစာဖြူစုကျေးရွာ၊ နှစ်ခြင်းဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးစောသူရအောင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး မင်းလှမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းမှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မိုးမိုးသော်က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေများနှင့် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြော ခဲ့ပါသည်။ ထို့နောက် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေး မှ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သက်ကြီးရွယ်အို၊ အမျိုးသမီး၊ မသန်စွမ်း နှင့် ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၏ရည်ရွယ်ချက်၊အခြေခံမူများ၊ အထူးအလေးပေး ရမည့်လူငယ်များ၊ လူငယ်ရေးရာမူဝါဒ၏ အဓိကကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောခဲ့ ပါသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးစောသူရအောင်၊မင်းလှမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆက်စပ်ဌာနဆိုင်ရာများ မှတာဝန်ရှိပုဂ္ဂိုလ်များ၊ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များနှင့်ဒေသခံကရင် တိုင်းရင်းသား(၆၁)ဦးနှင့်ရှမ်းတိုင်းရင်းသား(၁၃)ဦးစုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

  • ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၁၃)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ အ.ထ.က(လဟယ်)၊ ဇေယျာသီရိခန်းမဆောင်(၂)၌ “တိုင်းရင်း သားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်း” အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လဟယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ လဟယ်မူကြိုကျောင်းအုပ် ဒေါ်လှိုင်သင်းအိက လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို၊ လူငယ်ရေးရာတို့နှင့် ပတ်သက်သည့် အခွင့်အရေးများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
  • တနင်္သာရီတိုင်းဒေသကြီး
  • ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်း” အစီအစဉ်ကို ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာအုပ်စု၊ မြေးခံဘော်ကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး စောလုကာက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မေတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီလင်းက မြန်မာနိုင်ငံတွင် ချမှတ်ထားသော နိုင်ငံသားများ၊ ကလေးသူငယ်များ၊ သက်ကြီးပင်စင်၊ လူငယ်ရေးရာမူဝါဒ၊ အမျိုးသမီးအခွင့် အရေးများ၊ လူငယ်ရေးရာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဦးစီးအရာရှိ ဒေါ်ဇင်မိမိကျော်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဉပဒေနှင့် နည်းဥပဒေများ ရှင်းလင်းတင်ပြခြင်း၊ ဒုတိယဦးစီးမှူး စောမျိုးနိုင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်း မိတ်ဆက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။
  • ကချင်ပြည်နယ်
  • ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ရဝမ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးရန်နမ်းဖုန်နှင့် ကချင်ပြည်နယ် လွှတ်တော် တိုင်းရင်းသားအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဆွမ်ဒူနော်တို့မှ အမှာစကား ပြောကြားခဲ့ပါသည်။
  • ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေမှူးရုံး တာဝန်ခံ ဒေါ်မြမာလာစိုးမှ လူမှုဝန်ထမ်းလုပ်ငန်း၊ အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ လူငယ်မူဝါဒ၊ သက်ငယ်မုဒိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခြင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဦးစီအရာရှိ ဒေါ်ယဉ်ယဉ်ဝင်းက တိုင်းရင်းသား အခွင့်အရေးများ၊ အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

လက်ကမ်းစာစောင်များ

Awareness_3
Awareness_2
Awareness_1

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက wpreviewer.moea@gmail.com သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။