တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များ

ရခိုင်ပြည်နယ်တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စေရန် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တင်ပြလာမှုအား အဆင့်ဆင့်တင်ပြ၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း၊ တိုင်းရင်းသားဒေသများရှိ လိုအပ်ချက် များကို ကျေးရွာ ရပ်/ကျေး ဥက္ကဋ္ဌတို့မှ အမှုတွဲ လျှောက်လွှာများဖြင့်တင်ပြလာ၍ ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့်ခရိုင်စီမံခန့်ခွဲရေးကော်မတီများ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များဖြင့် ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာဌာနများနှင့် အောက်ပါလုပ်ငန်းများကို ညှိနှိုင်းဆောင် ရွက်​ပေးနိုင်ခဲ့ပါသည်-

(က)“ခမီတိုင်းရင်းသားလူမျိုး” များနေထိုင်သော မြောက်ဦးမြို့နယ်၊ လောင်းရှည်ချောင်း ကျေးရွာ၌ သောက်သုံးရေကန်ဟောင်း၆’အနက်တူးဖော်ပေးရန် ကျေးလက်ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဦးစီးဌာနမှ ဘတ်ဂျက်ငွေကျပ် (၈.၅၀၀) သန်း ရရှိခဲ့ပြီး ဆောင်ရွက်လျှက်ပါသည်။

(ခ)“မြိုတိုင်းရင်းသားလူမျိုး” များနေထိုင်သော ကျောက်တော်မြို့နယ်၊အောက်လာရွာတွင် ၂၀၁၆ခုနှစ် မိုရာမုန်တိုင်းကြောင့် ပျက်စီးခဲ့သောဆေးပေးခန်းကို ပြန်လည်ဆောက်လုပ်
ပေးရန် ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  အထူးဦးစားပေး လျာထားပြီးဖြစ်ပါသည်။ ယခုအခါ ကျပ်သိန်း(၂၀) ဖြင့် ယာယီဆေးခန်း ဆောက်လုပ် ပေးထားပါသည်။ (ဂ)“ဒိုင်းနက်တိုင်းရင်းသားလူမျိုး”များ နေထိုင်သော ဘူးသီးတောင်မြို့နယ်၊ ငကျည်ထောင့် ကျေးရွာတွင် သောက်သုံးရေကန် ပြန်လည်တူးဖော်ပေးရန်၊ အနက် ၆ပေ၊ အုတ် လှေခါး၊ ခြံဝန်းအပါအဝင်ကို ကျေးလက်ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်(၈.၅)သန်းဖြင့်ဆောင်ရွက်နေပါသည်။

Share: