
ပြည်တွင်း၊ ပြည်ပတွင်ဆောင်ရွက်သောအလုပ်ရုံဆွေးနွေးပွဲ၊သင်တန်းများတက်ရောက်ခြင်း
ပြည်ပ လေ့လာရေးနှင့် သင်တန်းများသွားရောက်ခြင်း
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တွင် (၁၈-၄-၂၀၁၈) ရက်မှ (၂၄-၄-၂၀၁၈) ထိ ကျင်းပပြုလုပ်ခဲ့သည့် လေ့လာရေးခရီးစဉ်သို့ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းမှပုဂ္ဂိုလ်(၃)ဦး၊မီဒီယာ(၂)ဦးနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှအရာထမ်း (၁) ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ပါသည်။



- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MOFCOM) မှ (၂၉-၈-၂၀၁၈)ရက်နေ့မှ(၁၇-၉-၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်“ 2018 Seminar on National Ethnic Policy and Practices for Developing Countries” သို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း (၁) ဦး တက် ရောက်ခဲ့ပါသည်။

- ITEC အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဂျွဝါဟာလာနေရူးတက္ကသိုလ်၌ (၉-၇-၂၀၁၈)ရက်နေ့မှ (၁၂-၁၀-၂၀၁၈) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် English for Civil Servants Intermediate Level သင်တန်းသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနမှ သင်တန်းသား(၂)ဦး တက်ရောက်ခဲ့ပါသည်။

- ITEC အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဂျဝါဟာလာနေရူးတက္ကသိုလ်၌ (၉-၇-၂၀၁၈)ရက်နေ့မှ (၁၂-၁၀-၂၀၁၈) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် English for Civil Servants Intermediate Level သင်တန်းသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနမှ သင်တန်းသား(၂)ဦး တက်ရောက်ခဲ့ပါသည်။

- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားတိုင်းရင်းသားရေးရာကော်မရှင် (State Ethnic Affairs Commission) ၏ အထောက်အပံ့ဖြင့် Central Institute of Ethnic Administrators နှင့် Research Office of State Ethnic Affairs Commission တို့က စီစဉ်ကျင်းပသည့် လန်ဆန်း -မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ကောင်းမွန် သောစီမံအုပ်ချုပ်မှုဆိုင်ရာ (Seminar on Good Governance of Ethnic Issues Among LMC Member States) ဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံကိုယ်စားလှယ်ငါးဦးမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ ၁၈ ရက်နေ့ အထိ တက် ရောက်ခဲ့ကြပါသည်။

တိုင်းရင်းသားရေးရာ စီမံခန့်ခွဲမှုဗဟိုဌာန) တွင်မြန်မာကိုယ်စားလှယ်အဖွဲ့ အမှတ်တရပုံ
- ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် (၂၄-၁၁-၂၀၁၈) ရက်နေ့မှ (၁-၁၂-၂၀၁၈) ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့သည့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုကာကွယ် မြှင့်တင်ရေးဆိုင်ရာ လေ့လာရေးခရီးသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ အရာထမ်း(၁)ဦး တက်ရောက်ခဲ့ပါသည်။

Share:
0 Comments on "ပြည်တွင်း၊ ပြည်ပတွင်ဆောင်ရွက်သောအလုပ်ရုံဆွေးနွေးပွဲ၊သင်တန်းများတက်ရောက်ခြင်း"