
ဌာနမှ စီစဉ်ဆောင်ရွက်ခဲ့သော သင်တန်းများ
ဌာနမှဝန်ထမ်းများ တိုင်းရင်းသားရေးရာများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန် လိုအပ်သဖြင့် ဌာနမှ စီစဉ်ဆောင်ရွက်ခဲ့သော သင်တန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
- Strengthening Social Cohesion Capacity Building Program အပိုင်း(၁)ကို ၁၅.၂.၂၀၁၇ ရက်နေ့မှ ၁၇.၂.၂၀၁၇ ရက်နေ့အထိ အမရာဟိုတယ်၊နေပြည်တော်၌USAID from the American People အဖွဲ့အစည်း၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သော Search for Common Groundအဖွဲ့နှင့် ပူးပေါင်း၍ လူမူရေးပေါင်းစည်းမှုဆိုင်ရာ အရည်အသွေး မြှင့်တင်ရေးအစီအစဉ်ကို ကျင်းပခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ အရာထမ်းများအား မြန်မာနိုင်ငံရှိ လူမှုပေါင်းစည်းမှု၏ အဓိက ကျသောအစိတ်အပိုင်းများကို နားလည်သဘောပေါက်စေရန်၊ ပဋိပက္ခများအား ဆန်းစစ် လေ့လာရန်နှင့် အသွင်ပြောင်းလဲရန် နည်းစနစ်များကိုရရှိစေရန်၊ လူမူရေးပေါင်းစည်းမှု အား မိမိတို့၏ နေ့စဉ်လုပ်ငန်းတိုင်းတွင် ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်မည့် အဓိက နည်းစနစ်များနှင့်ကျွမ်းကျင်မှုများကို ရရှိစေရန် ရည်ရွယ်၍ကျင်းပခဲ့ပြီး ဌာနမှ အရာထမ်း ( ၆ ) ဦး တက်ရောက်ခဲ့ပါသည်။
- Strengthening Social Cohesion Capacity Building Program အပိုင်း(၂)ကို ၁၇-၅- ၂၀၁၇ ရက်နေ့မှ ၁၉-၅-၂၀၁၇ ရက်နေ့အထိဝန်ကြီးဌာန အစည်းအဝေးခန်းမ၊ နေပြည်တော်တွင်USAID from the American People အဖွဲ့အစည်း၏ အထောက် အပံ့ဖြင့် Search for Common Ground အဖွဲ့နှင့်ပူးပေါင်း၍ ကျင်းပခဲ့ရာ ဌာနမှအရာထမ်း (၆) ဦး အမှုထမ်း (၄) ဦးတို့တက်ရောက်ခဲ့ပါသည်။
- Strengthening Social Cohesion Capacity Building Program ၏အလုပ်ရုံ ဆွေးနွေးပွဲကို ၁၁-၁၀-၂၀၁၇ ရက်နေ့မှ ၁၃-၁၀-၂၀၁၇ ရက်နေ့ တွင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၊ နေပြည်တော် USAID from the American People အဖွဲ့အစည်း၏ အထောက်အပံ့ဖြင့် Search for Common Ground အဖွဲ့နှင်ပူးပေါင်းကျင်းပခဲ့ရာ ဌာနမှ အရာထမ်း ၃ ဦးအမှုထမ်း ၂ ဦးတက်ရောက်ခဲ့ပါသည်။
- (၁၄.၁၁.၂၀၁၇) မှ (၁၃.၁၂.၂၀၁၇) ထိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အမေရိကန်နိုင်ငံ US Department of State မှ လာရောက်ဖွင့်လှစ်ခဲ့သည့် English Language Fellows (ELS) Program ၏ Basic Level Course သင်တန်းသို့ အရာထမ်း(၂) ဦးတက် ရောက်ခဲ့ပါသည်။
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မား စေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် ပညာ အလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်း (Enlightened Myanmar Research Foundation–EMReF) တို့ပူးပေါင်းကျင်းပသည့် “အခွင့်အရေးဆိုင်ရာအခြေခံသုတေသန နည်းနာသင်တန်း”ကို (၃၁.၅.၂၀၁၈)မှ (၆.၆.၂၀၁၈) ရက်နေ့အထိ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ဝန်ထမ်းများသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး၊ အငြင်းပွားမှုများ ဖြေရှင်းရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး၊ တိုင်းရင်းသား လူမျိုး များ ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် သုတေသနလုပ်ငန်း များကိုမည်သို့ စနစ်တကျပြုလုပ်ရမည် စသည်တို့ကို စာတွေ့သာမက လက်တွေ့လေ့ကျင့်ခန်း များဆောင်ရွက်ပြီး သင်ယူကြမည်ဖြစ်၍ မိမိတို့ဌာနအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပြီး သင်တန်းမှရရှိသောကျွမ်းကျင်မှုများကို အသုံးချ ၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ သင်တန်းတွင် လူမှုသုတေသန စီမံကိန်းတစ်ခုကို ပြင်ပတွင်လက်တွေ့ လုပ်ဆောင်လေ့ရှိသည့်အတိုင်း စာတွေ့ သင်ခန်းစာများသာမက လက်တွေ့ကွင်းဆင်းသုတေသန ပြုလုပ်ခြင်း၊ စာတွေ့သဘော တရားများအနေဖြင့် အရည်အသွေးနှင့်အရေအတွက် အခြေပြုအချက်အလက် ကောက်ယူ သည့် နည်းလမ်းများ၊ သုတေသနဒီဇိုင်း၊ သုတေသနမေးခွန်းပြုလုပ်ခြင်းများကို သင်ကြား ခြင်း၊ လက်တွေ့သုတေသနကွင်းဆင်းဆောင်ရွက်ခြင်း၊ ကောက်ယူရရှိလာသည့် အရည် အသွေးနှင့် အရေအတွက်အခြေပြုအချက်အလက်များကို သုံးသပ်လေ့လာခြင်း၊ ထို လေ့လာသုံးသပ်ချက်များကို စာတမ်းပြန်လည်ရေးသားနိုင်ရန်အတွက် သုတေသန စာတမ်း ရေးသားနည်းများကို သင်ကြားပို့ချခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၄) ဦး တက် ရောက်ကြပါသည်။
Share:
0 Comments on "ဌာနမှ စီစဉ်ဆောင်ရွက်ခဲ့သော သင်တန်းများ"