တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ e-Government လုပ်ငန်းဆောင်ရွက်ချက်များ
၁။ ဝန်ကြီးဌာန၏ လုပ်ငန်းများတွင် သတင်းအချက်အလက်နည်းပညာ အသုံးချမှုကို မြှင့်တင်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်း အချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချ ခဲ့သည့် နည်းပညာသင်တန်း များသို့ အရာထမ်း၊ အမှုထမ်းများ တက်ရောက်နိုင်ခဲ့ပါသည်။
၂။ စာပေးစာယူလုပ်ငန်းတွင် တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းများအား Electronic Document Management System (EDMA) ဌာနတွင်း သင်တန်းပို့ချခဲ့ပါသည်။
၃။ ဝန်ကြီးဌာန၏ Network ချိတ်ဆက်ခြင်း၊လုပ်ငန်းများကို ဆောင်ရွက်နေပါသည်။
၄။ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ဆောင်ချက်များကို အများပြည်သူ သိရှိနိုင်ရန် ဝန်ကြီးဌာန၏ Facebook စာမျက်နှာနှင့် Myanmar National Web Portal တို့၌ အချိန်နှင့်တစ်ပြေးညီ ဖော်ပြလျက်ရှိပြီး ဝန်ကြီးဌာနပိုင် We Website တည်ထောင်ရန် လုပ်ငန်းများကို ဆောင်ရွက်နေပါသည်။
0 Comments on "တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ e-Government လုပ်ငန်းဆောင်ရွက်ချက်များ"