၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ရည်မှန်းချက်များ ပြည့်ဝစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များနှင့် ကိုက်ညှိ၍ ပြုစုတင်ပြအပ်ပါသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ လုပ်ငန်းတာဝန်များသည် နိုင်ငံတော်၏ ဝန်ဆောင်မှုကဏ္ဍကြီးမှ လူမှုရေးနှင့် စီမံခန့်ခွဲရေး ဝန်ဆောင်မှုကဏ္ဍတွင်သာပါဝင်၍  အချို့လုပ်ငန်းစဉ်များသည် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း အကျိုး အမြတ် ဖြစ်ထွန်းနိုင်သော်လည်း အချို့မှာ ကာလတိုနှင့် ကာလရှည်များ၌သာ သိသာထင်ရှားပေါ် လွင်နိုင်မည် ဖြစ်ပါသည်။ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

အဖွဲ့အစည်း ခိုင်မာတိုးတက်စေခြင်း

(၁)     ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဦးစီးဌာန ၂ ခု၏ ညွှန်ကြားရေးမှူးရုံး များ ဆောက်လုပ်ခြင်းကို ဆောင်ရွက်မည်၊

(၂)      ဝန်ကြီးရုံးနှင့် ဦးစီးဌာန ၂ ခု၏ ညွှန်ကြားရေးမှူးရုံးများအတွက် ခွင့်ပြု ဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းများ ဖြည့်တင်းခန့်ထားခြင်းကို ဆောင်ရွက်မည်၊

(၃)     ရုံးသုံးပစ္စည်းနှင့် ပရိဘောဂများ ဖြည့်ဆည်းခြင်းကို ဆောင်ရွက်မည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း

(၁)     စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ဌာနတွင်းပို့ချခြင်းကို ဆောင်ရွက်မည်၊

(၂)      ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် ပြည်သူ့ဝန်ထမ်းအကယ်ဒမီတို့တွင် ဖွင့်လှစ်ပို့ချ ပေးမည့် သင်တန်းများသို့ ဝန်ထမ်းများအား စေလွှတ်သွားမည်၊

(၃)     ဘာသာရပ်ဆိုင်ရာ ပြည်တွင်းပြည်ပ ဘွဲ့လွန်သင်တန်းများသို့ ဝန်ထမ်းများ အား စေလွှတ်သွားမည်၊

တိုင်းရင်းသားစာပ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများ ထိန်းသိမ်း စောင့်ရှောက်ခြင်း

(၁)     မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ(၁) အမည်ရှိ စာအုပ်ထုတ်ဝေ ခြင်း၊တိုင်းရင်းသား(၁၃၅)မျိုးအကြောင်းအကျဉ်းဖော်ပြထားသော လက်ကမ်း စာစောင်များထုတ်လုပ် ဖြန့်ဝေခြင်းနှင့် စာပေ၊ ဘာသာစကား၊ ရိုးရာယဉ် ကျေးမှုနှင့် လူမှုဘဝမြှင့်တင်ရေး စာတမ်းဖတ်ပွဲများ ပြုလုပ်ဆောင်ရွက်မည်။

(၂)      တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြားပေးနိုင်ရေး ဆောင်ရွက် မည်။

 (၃)     ပျောက်ကွယ်လုနီးပါးဖြစ်နေသော တိုင်းရင်းသားများ(ဥပမာ- ထနော့၊ ယင်း တလဲ၊ သက်)လူမျိုးတို့ ရိုးရာ၊ ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် အကြောင်းအရာ များအား အသံ၊ ဓါတ်ပုံနှင့်ဗီဒီယို မှတ်တမ်းများ ရယူထိန်းသိမ်းနိုင်အောင် ဆောင်ရွက်မည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း

(၁)     တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေတို့နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက် မည်၊    

(၂)      တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသားလူမျိုးများ သိရှိနားလည်နိုင်ရေးအတွက် ပညာပေးဟောပြော ပွဲများပြုလုပ်ပေးရန်နှင့် ဥပဒေနှင့်အညီ အခွင့်အရေးဆုံးရှုံးမှုများကို သုတေသန ပြုလုပ်ရန်၊          

e-Government ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း

(၁)     e-Government ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဌာနတွင်း သင်တန်းများပို့ချခြင်း၊ ပြင်ပဌာနများသို့ သင်တန်းသားစေလွှတ်ခြင်းများကို ဆောက်ရွက်မည်၊

 (၂)      ဝန်ကြီးဌာန၏ Network တိုးချဲ့ချိတ်ဆက်ခြင်း၊  Website ရေးဆွဲခြင်းနှင့် လွှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်၊

Share: