ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် မေ ၁၅

ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် တိုင်းရင်းသားလူမျိုးများရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့်  တိုင်းရင်းသားများ ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခြင်း အပိုင်းတွင် တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ ရလဒ်အဖြစ် တိုင်းပြည်၏ စီးပွားရေးကို အထောက်အကူပြုစေမည့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ၂၀၁၈ ခုနှစ် မတ် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း။ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်အသင်းကြီးက ကြီးမှူး၍ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော်ကြီးဖြစ်သော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း။ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ရက်များတွင် မြန်မာတိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအက၊ ဓလေ့၊ အဝတ်အထည်နှင့် စားသောက်ကုန်များ၊ စာပေဂီတ တူရိယာများ၊ ရိုးရာဓလေ့လုပ်ငန်းသုံးပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ တိုင်းရင်းသားလူမျိုးအလိုက် သမိုင်း၊ လတ်လွပ်ရေး အတူကြိုးပမ်းခဲ့ကြသည့် သမိုင်း၊ စာအုပ်စာပေများ စီးပွားရေးလုပ်ငန်းများ ဒေသထွက်ကုန်များ၊ ခရီးသွားလုပ်ငန်းရှင်များ၏ ပြခန်းများ၊ ဒေသအလိုက် သဘာဝ တန်ဖိုးမြှင့် ထုတ်ကုန်များ၊ ဒေသအလိုက် ခရီးသွားလုပ်ငန်းများ၊ တိုင်းရင်းသားခရီးသွားဒေသများနှင့် အထင်ကရနေရာများ၊ ဒေသထွက်ကုန် အမှတ်တရလက်ဆောင် ပစ္စည်းအရောင်းပြခန်းများ ခင်းကျင်းပြသခဲ့သည့်အပြင် Miss Ethnic Myanmar 2019 တိုင်းရင်းသား အလှမယ်ရွေးချယ်ပွဲကို ကျင်းပခဲ့ရာ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ပြည်သူများ၊ နိုင်ငံတကာသံတမန်များ၊ နိုင်ငံခြားသားများ လာရောက်လေ့လာ အားပေးခဲ့ကြပါကြောင်း။

ထို့ပြင် ပွဲတော်ကြီးအား ဂုဏ်ပြုသည့်အနေဖြင့့်် “အပြောင်းအလဲ-စိန်ခေါ်မှုများမှ အခွင့်အလမ်းများဆီသို့” ဖိုရမ် change – challenges to Opportunities အား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၄ ရက်၌ ကျင်းပခဲ့ပါကြောင်း။

တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားပွဲတော်များကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပသည့်အခါ ဝန်ကြီးဌာနက ထောက်ပံ့ကူညီပေးပြီး တိုင်းဒေသကြီး ပြည်နယ်များတွင် ကျင်းပသည့်အခါ သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးပါကြောင်း၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်လှူဒါန်းခြင်း အခမ်းအနား၊ အာခါအမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်၊ ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်၊ ကရင်နှစ်သစ်ကူးပွဲတော်၊ ကရင်နှစ်သစ် ကူးနေ့အခမ်းအနား၊ ၆၇ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား၊ ကိုးကန့် တိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်၊ ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား၊ ဒဿမ အကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့၊ ပအိုဝ်းအမျိုးသားနေ့ (အကြို) အခမ်းအနား၊ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား၊ ၆၁ ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုး (ခေါ်) ဂန်းခွမ့်တံခွန်တိုင်ပွဲတော်အခမ်းအနား၊ ၁၉ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ တက်ရောက်ခြင်းနှင့် အလှူငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အချို့အခမ်းအနားများတွင် သဝဏ်လွှာပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

တိုင်းရင်းသားပညာရေးကဏ္ဍ ဆောင်ရွက်မှုများအနေဖြင့့်် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ အခြေခံပညာကေျာင်းများတွင် တိုင်းရင်းသား စာပေသင်ကြားပေးသည့် သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ ဆရာမ Teaching Assistant (TA) များ ခန့်ထားနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးပြည်နယ်များနှင့် နေပြည်တော်တို့တွင် TA ဆရာ၊ ဆရာမ ၅၁၆၁ ဦးကို ခန့်ထားနိုင်ခဲ့ပါကြောင်း။

Teaching Assistant ခန့်ထားပြီး ၅၁၆၁ ဦးအနက် ဘွဲ့ရ ၇၁၉ ဦးကို ပညာရေး ကောလိပ်တွင် သင်တန်းတက်ရောက်ပြီးပါက မူလတန်းပြ ဆရာဆရာမများအဖြစ် ခန့်ထားပေးနိုင်ရန် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။

၂၀၁၉ ပညာသင်နှစ်၌ အခြေခံပညာ ကေျာင်းများတွင် တိုင်းရင်းသားစာပေသင်ကြားပေးမည့် သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ ဆရာမ Teaching Assistant များနှင့် တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းသော ပြင်ပမှ ဆရာ ဆရာမများကို တစ်လလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ဘာသာစကားသင် ဆရာ ဆရာမ Language Teacher များကို ကျောင်းဖွင့်အမီ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာများ စိစစ်ဆောင်ရွက်လျှက် ရှိပါကြောင်း။

တိုင်းရင်းသား ကလေးငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန် မူလတန်းများအတွက် အခြေခံဖြစ်သော တိုင်းရင်းသားဘာသာ နှင့် မြန်မာဘာသာ ၂ မျိုး ပုံပြပုံပြင်စာအုပ် (ရုပ်ပြ) များကို တိုင်းရင်းသားဘာသာ ၆၆ မျိုး ဖြင့် ပထမအကြိမ် အုပ်ရေ  ၃၄၁၂၂၃၀  ပုံနှိပ်ထုတ်ဝေ ဖြန့်ချိဆောင်ရွက်လျှက်ရှိပါကြောင်း။

တိုင်းရင်းသား ကျန်းမာရေးကဏ္ဍ ဆောင်ရွက်မှုများအနေဖြင့့်် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၈ ခုနှစ် မတ် ၆ ရက်တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်ကို တိုင်းရင်းသား ဘာသာသို့ ပြန်ဆိုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး တိုင်းရင်းသားဘာသာများဖြင့် ပုံနှိပ်ဖြန့်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကလေးငယ်များကာကွယ် ဆေးထိုးနှံရေးပိုစတာ၊ ဂျပန်ဦးနှောက် အမှေးရောင် ရောဂါကာကွယ်ဆေး ထိုးနှံရေး ပိုစတာ၊ တုပ်ကွေးရောဂါကာကွယ်ဆေး ပိုစတာများကို တိုင်းရင်းသား ဘာသာများသို့ ပြန်ဆိုပြီး ကျန်းမာရေး ပညာပေးခဲ့သည့်အတွက် တိုင်းရင်းသားများအနေဖြင့့်် အလွယ်တကူနားလည် သဘောပေါက်သောကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါကြောင်း။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အနေဖြင့့်် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်မြင့်မား လာစေရန်အတွက် ပြည်ပနိုင်ငံများသို့ ၃ နှစ်တာအတွင်း လေ့လာရေး၊ ဆွေးနွေးပွဲများသို့ ၂၇ ဦး၊ သင်တန်းများသို့ ၁၀ ဦး စေလွှတ်နိုင်ခဲ့ပါကြောင်း။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလူမျိုးစုရေးရာက်မောရှင် ဒုတိယဝန်ကြီး Mr. Li Changping ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ၅ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်းနှစ်နိုင်ငံ တိုင်းရင်းသား လူမျိုးများရေးရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြပြီး အမျိုးသား လူမျိုးစုရေးရာက်မောရှင် အုပ်ချုပ်မှုအောက်ရှိ တက္ကသိုလ်များ၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာ သင်တန်းများတွင် ပညာသင်များအဖြစ် တက်ရောက်နိုင် ရေးကိစ္စများအပါအဝင် တိုင်းရင်းသားရေးရာကိစ္စများအတွက် နားလည်မှုစာချွန်လွှာ သွ့ ရေးထိုးနိုင်ရေး ဆောင်ရက်လျွက် ရှိပါကြောင်း။

တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမအွေနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အနေဖြင့့်် တစ်နေရာတည်းတွင် တိုင်းရင်းသား လူမျိုးများ၏ ဝတ်စားဆင်ယင်မှုများ ရိုးရာအသုံး အဆောင်ပစ္စည်းများကို သိရှိနိုင်စေရန် ဝန်ကြီးဌာန ရုံးအမှတ် ၁၄ ၌ တိုင်းရင်းသား လူမျိုးစု ၅၀ ၏ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများကို ပြခန်းများဖြင့် ခင်းကျင်းပြသဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသော လူမျိုးစုတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှု၊ လူနမှေုဘဝပုံစံများ၊ ကိုးကွယ် ယုံကြည်မှုများ၊ ပွဲတော်များကို ကွင်းဆင်း မှတ်တမ်းတင်လျက်ရှိရာ “ထနော့” တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့များကို Documentary ရုပ်သံမှတ်တမ်း တင်နိုင်ခဲ့ပါကြောင်း။

တိုင်းရင်းသားများအား လေ့လာရေးဖိတ်ကြားခြင်းနှင့် တွေ့ဆုံမှုပြုခြင်းအနေဖြင့့်် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင် ကရင် ချင်း ဗမာ ရခိုင် ရှမ်း တအောင်း လီဆူ လူမျိုးများနှင့် ရခိုင်ပြည်နယ်မှ ရခိုင်၊ ခမီ၊ မြို၊ သက်၊ မရမာကြီး၊ ဒိုင်းနက်၊ အရှိုချင်း နှင့် မင်းပြား၊ မြေပုံ၊ ရမ်းဗြဲဒေသများမှချင်း လူမျိုးများပါဝင်သည့် တိုင်းရင်းသားစာပနှေင့် ယဉ်ကျေးမှု အသင်းအဖွဲ့ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ နေပြည်တော်သို့ လေ့လာရေး ခရီးစဉ် ပထမအကြိမ်အဖြစ် ဖိတ်ခေါ်ခဲ့ပါကြောင်း။

ဒေသဖွံ့ဖြိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းအပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ဆလုံတိုင်းရင်းသား များအတွက် တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေ ကျပ် ၆၁၆ သိန်းဖြင့် ဆန်နှင့်ငါးဖမ်းလှေငယ်များ ထောက်ပံ့နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနက Focal အဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ရခိုင်ပြည်နယ်ရှိ ခမီ၊ မြို၊ ဒိုင်းနက် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသများ၌ သောက်သုံရေကန်အသစ် တူးဖော်နိုင်ရေး၊ သောက်သုံးရေကန်ဟောင်း ပြည်လည်တူးဖော်ပေးနိုင်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပေးခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၁၆ ခုနှစ် မိုရာမုန်တိုင်းကြောင့် ပျက်စီးခဲ့သော ဆေးပေးခန်းများ ပြည်လည် ဆောက်လုပ်ပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ညှိနှိုင်းခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခုအခါ ကျပ်သိန်း ၂၀ ကုန်ကျခံ၍ ယာယီပြုပြင်ထားပြီး ဖြစ်ပါကြောင်း။

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ခရားအတွင်းရွာ အခြေခံပညာအထက်တန်းကေျာင်း၌ စာသင်ဆောင် မလုံလောက်သည့်အတွက် တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) စာရင်းတွင် ပေ ၁၂၀ x ပေ ၃၀ RCC (၁) ထပ်ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ရန် မြို့နယ်ဦးစားပေး အစီအစဉ်အရ ပညာရေးဝန်ကြီးဌာနက ထည့်သွင်းလျာထားပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်၊ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်တို့အတွင်း ကျေးရွာပေါင်း ၃၀ ခန့် (NEP နှင့် ၁၀ မိုင်ကေျာ်ကွာဝေးသည့်ကျေးရွာများ) တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား အသုံး ပြုနိုင်ရေးအတွက် နိုင်ငံတော်၏ အထောက်အပံ့ဖြင့် ဆိုလာပြားများ တပ်ဆင်ပေးနိုင်ရန် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကယ်စွောင့်ရှောက်သည့် နည်းဥပဒေ မူကြမ်းအပေါ် သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်များ၌ မင်္ဂလာသီရိဟိုတယ်တွင် တတိယအကြိမ် ကျင်းပခဲ့ပါကြောင်း။

နည်းဥပဒေမူကြမ်းအပေါ် ဝန်ကြီးဌာန၏ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့မှ အတည်ပြုရေးဆွဲခဲ့ပြီး ဝန်ကြီးဌာန၏ ဌာနအကြီးအကဲများက စိစစ်သုံးသပ်ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သဘောတူပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြခွင့်ပြုချက် ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း အပိုင်းတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကယ်စွောင့်ရှောက်သည့် ဥပဒေအကြောင်း အရာများကို တိုင်းဒေသကြီး ပြည်နယ်များတွင် တိုင်းရင်းသားများအား ရှင်းလင်း တင်ပြခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်မှုများနှင့်အတူ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခဲ့ရာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၆၁ ကြိမ် ပြုလုပ်ရန်လျာထားရာ၌ ၅၅ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း။

တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များနှင့် စစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ ရေးဆွဲပြီး တိုင်းရင်းသား အခွင့်အရေး ဆိုင်ရာများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးနွယ်စုအမည် မှန်ကန်စွာ မှတ်တမ်းပြုရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေး၊ ကျားမတန်းတူရေး၊ လူငယ်ရေးရာများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရေး၊ ပျောက်ကွယ် လုနီးပါးဖြစ်သော တိုင်းရင်းသား မျိုးနွယ်စုများ တည်တံ့ခိုင်မြဲရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ စီမံကိန်းများ ဆောင်ရွက်ရာ၌ ဒေသခံများအား ကြိုတင်ညှိနှိုင်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဒေသခံများပါဝင်ရေး၊ ဆေးဖက်ဝင်အပင်များ ထိန်းသိမ်းရေး၊ အငြင်းပွားမှု ဖြေရှင်းရေး၊ ပဋိပက္ခဖြစ်ပွားမှု လေ့လာဆန်းစစ်ရေး စသည့် ကဏ္ဍများ ပါဝင်ပါကြောင်း။

ဆက်လက်ဆောင်ရက်မွည့် လုပ်ငန်းများအနေဖြင့့်် ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များနှင့် တိုင်းရင်းသားများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ရန်ပုံငွေရှိမှုအပေါ် မူတည်၍ တိုင်းဒေသကြီး ပြည်နယ် ဦးစီးဌာနညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်များ ဆောက်လုပ်သွားမည်၊ ဝန်ထမ်းအင်အား ဖြည့်တင်းခန့်ရေး ဆောင်ရွက်သွားမည်၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားမည့် သင်ကြားရေး အထောက်အကူပြု  Teaching Assistant နှင့် တိုင်းရင်းသား ဘာသာတတ်ကျွမ်းသော ဘာသာစကားသင် ဆရာ ဆရာမ Language Teacher များ ခန့်ထားနိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရက်သွားမည်၊ တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်သော တိုင်းရင်းသား မျိုးနွယ်စုများ Documentary များ မှတ်တမ်းတင် ရိုက်ကူးနိုင်ရေး ဆောင်ရွက်သွားမည်၊ မူလတန်းကြို KG တန်းများအတွက် တိုင်းရင်းသားကလေးငယ်များ စာသင်ကြားရာ၌ အထောက်အကူ ဖြစ်စေရန် တိုင်းရင်းသားရိုးရာပုံပြပုံပြင် စာအုပ်များ ထုတ်ဝေ ဖြန့်ချိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ထို့ပြင် နွေရာသီကာလ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား စာပေသင်ကြားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကယွ် စောင့်ရှောက်သည့် နည်းဥပဒထေုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒအေကြောင်းအရာများကို တိုင်းဒေသကြီး ပြည်နယ်များတွင် တိုင်းရင်းသားများအား ရှင်းလင်းတင်ပြခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်မှုများနှင့်အတူ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူမှုများ ဆက်လက် ဆောင်ရွက်သွားမည်၊ တိုင်းရင်းသားကျေးရွာ (ရန်ကုန်)ကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လွှဲပြောင်း လက်ခံရယူပြီး Focal Ministry အဖြစ်ဆောင်ရွက်သွားပါမည်၊ တိုင်းရင်းသားရေးရာ အခြေခံအချက် အလက်များနှင့် စစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ ခုနှစ်ရေးဆွဲပြီး တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တိုင်းရင်းသားရေးရာကိစ္စများ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ MOU ရေးထိုးနိုင်ရေးဆောင်ရက်သွားမည်၊ တိုင်းဒေသကြီး ပြည်နယ်များ၌ တိုင်းရင်းသား လုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းသွားမည်၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများ ကျင်းပခြင်းကို အားပေးကူညီမှုများ ဆောင်ရက်သွားမည်၊ တိုင်းရင်းသားများအား လေ့လာရေးခရီးစဉ်များကို ဖိတ်ခေါ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

(သတင်းစဉ်)

Share: