August 1, 2019 E- Government 0 Comments

e – Government

၂၀၁၈၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်လျက်ရှိသည့်e-Government အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍ၃ရပ်၏ဆောင်ရွက်ပြီးစီးမှုအခြေအနေများမှာအောက်ပါအတိုင်းဖြစ်သည်

          (က)   စွမ်းဆောင်ရည်မြှင့်တင်ခြင်း

                        ( ၁ )   ဝန်ကြီးဌာန၏ လုပ်ငန်းများတွင်  သတင်းအချက်အလက်နည်းပညာ အသုံးချ မှုကို မြှင့်တင်နိုင်ရေးအတွက် ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ကာလအတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်း ကျောင်းတွင် ဖွင့်လှစ် ပို့ချခဲ့သည့် နည်းပညာ သင်တန်း ၉ ခုသို့ အရာထမ်း ၅ ဦးနှင့် အမှုထမ်း ၆ ဦးတို့ တက်ရောက်နိုင်ခဲ့သည်။

                        ( ၂ )    စာပေးစာယူလုပ်ငန်းတွင် တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်း ၃ ဦး တို့အား ၁၉-၁၂-၂၀၁၈ ရက်နေ့မှ ၂၀-၁၂-၂၀၁၈ ရက်နေ့ထိ Electronic Document Management System (EDMS) ဌာနတွင်းသင်တန်း ပို့ချပေးနိုင်ခဲ့ပါသည်။

                        ( ၃ )   ၂၉.၃.၂၀၁၉ ရက်နေ့မှ ၃၀.၃.၂၀၁၉ ရက်နေ့အထိ ချင်းပြည်နယ်အစိုးရ အဖွဲ့နှင့် Future Sky IT CO., Ltd တို့ ပူးပေါင်းကျင်းပသော e-Government အထောက်အကူပြုသင်တန်းသို့ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦးနှင့် အမှုထမ်း ၁ ဦး တက်ရောက်နိုင်ခဲ့ပါသည်။

            ( ခ )   အခြေခံအဆောက်အဦများဖြည့်ဆည်းခြင်း

ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန များတွင် အင်တာနက်ဖြင့် ဆက်သွယ်ဆောင်ရွက်မှုများ အဆင်ပြေစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခင် အင်တာနက် မြန်နှုန်း (Band Width) ၂၀ Mbps သာ ရှိသည့်အင်တာနက်လိုင်းကို ၅၀ Mbps သို့ တိုးမြှင့်ရယူခဲ့ပြီး ဝန်ကြီးရုံး တစ်ခုလုံးအား လွှမ်းခြုံနိုင်မည့် အင်တာနက်ကွန်ရက်အဖြစ် တည်ဆောက်ရန် Network Cable လိုင်းများ တိုးချဲ့တပ်ဆင်ရေးနှင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ ဖြည့်ဆည်းရေးတို့အတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ Tender ခေါ်ယူ ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လအတွင်း လုပ်ငန်းများအားလုံး ပြီးစီးခဲ့ပါသည်။

            ( ဂ )   သတင်းအချက်အလက်မျှဝေခြင်း။

ဝန်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသည့် လုပ် ဆောင်ချက်များကို အများပြည်သူသိရှိနိုင်ရန် ဝန်ကြီးဌာန၏ Facebook စာမျက်နှာ နှင့် Myanmar National Web Portal တို့၌ အချိန်နှင့်တစ်ပြေးညီ ဖော်ပြလျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုငွေဖြင့် ဝန်ကြီးဌာနပိုင် Website တည်ထောင်ရန်အတွက် လုပ်ငန်းအပ်နှံမည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်၍ ယခုအခါ Web Design များ စတင်ရေးဆွဲလျက် ရှိပါသည်။

Share: