
ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် China Council for the Promotion of National Trade ၏ ဥက္ကဋ္ဌ Mr.Lan Jun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ ၂၄
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Council for the Promotion of National Trade ၏ ဥက္ကဋ္ဌ Mr.Lan Jun ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းရင်းသားရေးရာဆိုင်ရာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဟူနန်ပြည်နယ်၊ ချန်ရှားမြို့၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် One Town, One Product ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားဒေသထုတ်ကုန်များ ပါဝင် ပြသနိုင်ရေး၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ တရုတ်နိုင်ငံခြားသား လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များအသင်းတို့နှင့် စီးပွားရေးအမြင်ချင်း ဖလှယ်မှုမှသည် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ တိုင်းရင်းသားဒေသ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် ကိစ္စရပ်များ၊ ဒေသတွင်း တိုင်းရင်းသားတို့၏ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူ ဖြစ်စေရေး၊ တူညီသော အနာဂတ်ဖော်ဆောင်ရေး၊ ပူးပေါင်းဆောင်ရွက်ရာတွင် စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှု ရှိပြီး လူမှုရေးအရ အကျိုးပြုကိစ္စရပ်များကို အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုယ်စားလှယ်အဖွဲ့ တို့သည် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကြပါသည်။
တွေ့ဆုံပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြပြီး တွေ့ဆုံမှုမတိုင်မီ ဧည့်သည်တော်အဖွဲ့သည် ဝန်ကြီးဌာနရှိ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။
(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)
0 Comments on "ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် China Council for the Promotion of National Trade ၏ ဥက္ကဋ္ဌ Mr.Lan Jun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ"