
၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ
ရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်နိုင်ရန်အတွက် လုပ်ငန်းစဉ်များကို ရသုံးမှန်းခြေငွေစာရင်းနှင့် ကိုက်ညှိ၍ Plan to Budgeting နည်းစနစ်ဖြင့် ပြုစုတင်ပြအပ်ပါသည်။ သို့ရာတွင် အချို့လုပ်ငန်းစဉ်များမှာ လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း အကျိုးအမြတ် ဖြစ်ပေါ်နိုင်ပြီး အချို့သော လုပ်ငန်းစဉ်များမှာ ကာလတိုနှင့် ကာလရှည်များ၌သာ သိသာ ထင်ရှား ပေါ်လွင်နိုင်ပါသည်။ လုပ်ငန်းစဉ်များမှာ –
(က) ဦးစီးဌာန ၂ ခု၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများ တည်ဆောက်မည်။
( ခ ) ဦးစီးဌာန ၂ ခု၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများအား ခွင့်ပြုဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းများ ဖြည့်တင်းခန့်ထား တာဝန်ပေးခြင်းကို ဆောင်ရွက်မည်။
( ဂ ) ဦးစီးဌာန ၂ ခု၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများတွင် လိုအပ်မည့် ရုံးသုံး ပစ္စည်းများ ဖြည့်တင်းခြင်းကို ဆောင်ရွက်မည်။
(ဃ) အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်မည်။
( င ) တိုင်းရင်းသားဘာသာဖြင့် စာအုပ်စာတမ်းများ ပုံနှိပ်ထုတ်ဝေခြင်းကို ဆောင်ရွက်မည်။
( စ ) ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး ဌာနတွင်းသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်မည်။
(ဆ) လုပ်ငန်းနယ်ပယ်အလိုက် သုတေသနလုပ်ငန်းများ ဆောင်ရွက်မည်။
( ဇ ) e-Government ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မည်။
0 Comments on "၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ"