၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းရည်မှန်းချက်တွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ မဟာဗျူဟာများနှင့် ချိတ်ဆက်ဆောင်ရွက်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များမှာ-

(၁)     တိမ်မြုပ် ပျောက်ကွယ်လုနီးပါးဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကား၊ စာပေ၊ ရိုးရာဓလေ့ထုံးစံများ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံများ၊ ကိုးကွယ်ကြည်မှုများနှင့် ပွဲတော်များအား ရုပ်သံမှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်၊ (မဟာဗျူဟာ ၁.၅၊ လုပ်ငန်းစဉ် ၁.၅.၅)

(၂­)      တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ကူညီမည်၊

(၃)     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်း၊ ဖွဲ့စည်းပုံနှင့်အညီဝန်ထမ်းများ ဖြည့်တင်းခန့်ထားခြင်း၊ ရုံးသုံး ပစ္စည်းနှင့် ပရိဘောဂများ ဖြည့်ဆည်းခြင်းတို့ကိုခြင်းဆောင်ရွက်မည်၊

 (၄)    ဌာနတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု သင်တန်းများ ပို့ချခြင်း၊ ပြည်တွင်းပြည်ပဘွဲ့လွန်သင်တန်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့်ပြည်သူ့ဝန်ထမ်းအကယ်ဒမီသင်တန်းများသို့ ဝန်ထမ်းများအား စေလွှတ်မည်၊ (မဟာဗျူဟာ ၁.၄၊ လုပ်ငန်းစဉ် ၁.၄.၁)

(၅)     နေပြည်တော်ရှိတိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်နှင့် ဓလေ့ထုံးတမ်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရာတွင် ပံ့ပိုးကူညီဆောင်ရွက်မည်၊

(၆)     တိုင်းရင်းသားများဆိုင်ရာ အချက်အလက်များအကျဉ်းနှင့် ရိုးရာစကားပုံ၊ စကားထာ၊ ဆိုရိုးများကို ဖော်ပြထားသည့် လက်ကမ်းစာစောင်များ ပြုစု ဖြန့်ဝေခြင်းကို ဆောင်ရွက်မည်၊

(၇)     တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ထုတ်ပြန်နိုင်ရေးကို ဆောင်ရွက်သွားမည်၊ (မဟာဗျူဟာ ၁.၅၊ လုပ်ငန်းစဉ် ၁.၅.၅)

(၈)     မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ(၂၀၁၉- ၂၀၂၈) မူကြမ်း ပြုစုရေးဆွဲခြင်းကို ဆောင်ရွက်မည်၊ (မဟာဗျူဟာ ၁.၅၊ လုပ်ငန်းစဉ် ၁.၅.၁)

(၉)     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားဒေသများ၏ ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်းကို ဆောင်ရွက်မည်၊

(၁၀)   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်း တည်ထောင်ခွင့်ရရှိရေးအတွက်  ကူညီ ဆောင်ရွက်မည်၊

(၁၁)   တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်မည်၊ (မဟာဗျူဟာ ၁.၅၊ လုပ်ငန်းစဉ် ၁.၅.၅)

(၁၂) နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးများနှင့် သက်ဆိုင်သည့် အသိပညာပေးခြင်း လုပ်ငန်းများကို တိုင်းရင်းသားဒေသများတွင် ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်၊

(၁၃)   e-Government ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဌာနတွင်းသင်တန်းများ ပို့ချခြင်း၊ ပြင်ပဌာနများသို့ သင်တန်းသားစေလွှတ်ခြင်းများကို ဆောင်ရွက်မည်၊

(၁၄)   ဝန်ကြီးဌာန၏ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အများပြည်သူ သိရှိနိုင်စေရန် Online Media များမှ တင်ပြခြင်းကို ဆောင်ရွက်မည်။ (မဟာဗျူဟာ ၁.၅၊ လုပ်ငန်းစဉ် ၁.၅.၃)

Share: