February 24, 2020 News 0 Comments

ကရင်ပြည်နယ်အတွင်း ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ဒုတိယအကြိမ်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုး များ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါအကြောင်း အရာများ အပါအဝင် သက်ကြီးပင်စင်၊ အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာ မူဝါဒများ၊ အခြေခံမူများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများအကြား ကျယ်ကျယ် ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထွိမောင်ထိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဉီးကျော်မင်းထွဋ်၊ ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းမြင့်တင်၊ ပြည်နယ် လူမှု ဝန်ထမ်းဉီးစီးဌာနမှ မူလတန်းကြို ကျောင်းအုပ် ဒေါ်ချိုချိုမာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသားများစုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့ရာ အစီအစဉ်ပထမပိုင်းတွင် ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းမြင့်တင်မှ အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းထွဋ်က တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကရင်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောဝင်းသူရက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဉပဒေနှင့်နည်းဥပဒေများပါ အကြောင်းအရာများ၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၁)မူလတန်းကြိုကျောင်းအုပ် ဒေါ်ချိုချိုမာက လူမှုဝန်ထမ်း
ဉီးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာမူဝါဒ၊ ကလေးသူငယ် အခွင့်အရေး များ၊ မသန်စွမ်း အခွင့်အရေးများ၊ လူငယ်ရေးရာမူဝါဒ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် လူမှုရေးပင်စင်ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြပါသည်။
အခမ်းအနားဒုတိယပိုင်း အစီအစဉ်အဖြစ် တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာကောက်ယူခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဒေသခံတိုင်းရင်းသား ၅၂ ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြပါသည်။
ယခုကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်သည် ကရင်ပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခဲ့သည့် အစီအစဉ် ဖြစ်ကြာင်း သိရှိရသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန)

Share: