ကချင်ပြည်နယ်အတွင်း ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ် ဒုတိယအကြိမ်ကို ဝိုင်းမော်မြို့နယ်တွင် ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ကချင်ပြည်နယ်အတွင်း ဒုတိယအကြိမ်အဖြစ် ၂၂-၂-၂၀၂၀ ရက်နေ့၊ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ဪဟိဒ်ခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊  ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားအရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဆွမ်ဒူနော်၊ ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေမှူး၊  ဦးသန်းထွန်းအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုဦးစီးဌာန၊ ကချင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ပြည်နယ်တာဝန်ခံဦးစီးအရာရှိ ဒေါ်အိအိအေး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ကော်မတီမှ ကော်မတီဝင်များနှင့် မိုင်းနားကျေးရွာ ရွာသူရွာသားများ၊ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်တို့က အမှာစကားများ အသီးသီး ပြောကြားကာ  ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းမှ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍လည်းေကာင်း၊ ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဆွမ်ဒူနော်က ဒေသခံတိုင်းရင်းသားများဖြင့် အနေဖြင့် မိမိတို့၏ အခွင့်အရေး ဆုံးရှုံးနစ်နာမှုများပေါ်ပေါက်ပါက ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားအရေးဆိုင်ရာကော်မတီတွင်  တိုင်ကြားနိုင်သည့် အခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေမှူးရုံးမှ လက်ထောက်ညွှန်ကြားရေမှူး၊  ဦးသန်းထွန်းအောင်က လူမှုဝန်ထမ်းလုပ်ငန်းများနင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကချင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ပြည်နယ် တာဝန်ခံဦးစီးအရာရှိ ဒေါ်အိအိအေးက ဝန်ကြီးဌာနလုပ်ငန်းများနှင့် မိတ်ဆက်ခြင်း၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတာဝန်ခံ ဦးစီအရာရှိ ဒေါ်ယဉ်ယဉ်ဝင်းက တိုင်းရင်းသားအခွင့်အရေးများ၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်း မေးခွန်းလွှာနှင့် ပတ်သက်၍ တက်ရောက်လာသည့် ကျေးရွာလူထုသို့ ရှင်းလင်းပြောကြားကာ စစ်တမ်းများ ကောက်ယူခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန

Share: