ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်-၄ ၏ ဒုတိယ အကြိမ်အစည်းအဝေးပွဲ အား Onlne အစည်းအဝေး ကျင်းပခြင်း

အောက်တိုဘာလ ၊ နေပြည်တော်

ဒေသခံတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်(၄)၏ ဒုတိယ အကြိမ်အစည်းအဝေးကို အဖွဲ့ခေါင်းဆောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်က ဦးဆောင်၍ (၉.၁၀.၂၀၂၀) ရက်နေ့တွင် Online Meeting စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးကို နေ့လည် ၁ နာရီခွဲတွင်စတင်ကျင်းပခဲ့ရာ လုပ်ငန်းအဖွဲ့ငယ် (၄) ၏ အဖွဲ့ဝင် ၁၂  ဦး နှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ၊ ညွန်ကြားရေးမှူးရုံး တာဝန်ခံ ၁၄  ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်အဖွဲ့ခေါင်းဆောင်မှအမျိုးသားမြေဥပဒေမူကြမ်းကျောရိုးတွင် အခန်းများ၊ခေါင်းစဉ်များ ခွဲပြီးဆောင်ရွက်အကောင်အထည်ဖော်ရန်ဖြစ်ပါကြောင်း၊တိုင်းရင်းသားများ၏မြေအသုံးချမှုနှင့်ပတ်သက်သည့်ကိစ္စများကို အမျိုးသားမြေဉပဒေတွင် မည်ကဲ့သို့ပါဝင်ထည့်သွင်းသွားမည်ဆိုသည့်ကိစ္စသည် အရေးကြီးသည်ဟုထင်ပါကြောင်း၊ အဖွဲ့ငယ်(၄)မှ ဆောင်ရွက်သည့်ကိစ္စများသည် တိုင်းရင်းသားများ အနေဖြင့်လက်ခံသည့်အနေအထားဖြစ်ဖို့ဆိုသည့် ကိစ္စသည်အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားများလက်လှမ်းမီသော Digital Platform ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ မြေအသုံးချမှုအခွင့်အရေးရိုးရာမြေအသုံးချမှုစနစ်ကို အမျိုးသားမြေဥပဒေမှာ ထည့်သွင်းရန် လိုအပ်သည့်အချက်များကိုရရှိရန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ်တွင် ပါသည့်အချက် အလက်များအပေါ်အခြေခံ၍ဆောင်ရွက်လျှင် တိုင်းရင်းသားအားလုံးကို လွှမ်းခြုံနိုင်မည်ဟု ထင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အတွင်းရေးမှူးမှပထမအကြိမ်အစည်းအဝေး၏ဆောင်ရွက်ပြီးစီးမှုကိုတင်ပြခဲ့ပြီး ဌာနေ တိုင်းရင်းသားများမိတ်ဖက်အသင်း၊ ဒါရိုက်တာဦးကဲယုန်းက အဖွဲ့ငယ်(၄)အတွက် အသေးစိတ်အစီအစဉ် ရေးဆွဲရန် နမူနာပုံစံကိုတင်ပြခဲ့ပါသည်။ ဆက်လက်၍ တင်ပြအစီအစဉ်အပေါ်နှင့် အခြား အကြံပြုချက်များကို  အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးအစည်းအဝေးအား ညနေ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: