ဝန်ကြီးဌာန (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဧပြီလ (၃) ရက်

       တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်၊ ရုံးအမှတ် (၁၄) ဝန်ကြီးဌာန၏ ရုံး ပတ်ဝန်းကျင်တွင် ရုံးပြင်ပသန့်ရှင်းသာယာစိုပြေစေရေး၊ နွေရာသီ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရုံးလုံခြုံမှုရှိစေရေးအတွက် ဧပြီ (၃) ရက်နေ့၊ နံနက် (၈:၀၀) အချိန်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ ကြပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ချုံနွယ်ခုတ်ထွင်ရှင်းလင်းခြင်းများ ဝိုင်းဝန်း ပြုလုပ်ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ဌာနအကြီးအကဲများသည် ရုံးဧရိယာအတွင်းရှိ ဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သော ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် (၅)နှစ်တာ သစ်သားရတု ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

Share: