
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့တွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး(လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူး(၁၆)နေရာ အတွက် အောက်ပါပညာအရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
စဉ် ရာထူး လစ်လပ် ပညာအရည်အချင်း
(၁) ဒုတိယဦးစီးမှူး ၃ နေရာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး
(နေပြည်တော်) ကွန်ပျူတာ/အင်္ဂလိပ်စာကျွမ်းကျင်သူ
( ခ ) တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)
(၁) ဒုတိယဦးစီးမှူး ၃ နေရာ ဝိဇ္ဇာဘွဲ့(သဘင်)၊
(ကျား-၁၊ မ-၂) B.A(Dramatic Arts)
(၂) ဒုတိယဦးစီးမှူး(အဆို) ၂ နေရာ ဝိဇ္ဇာဘွဲ့(ဂီတ)၊
(ကျား-၁၊ မ-၁) B.A(Music)
(၃) ဒုတိယဦးစီးမှူး(အတီး) ၂ နေရာ ဝိဇ္ဇာဘွဲ့(ဂီတ)၊
(ကျား-၁၊ မ-၁) B.A(Music)
( ဂ ) တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန
(၁) ဒုတိယဦးစီးမှူး ၆ နေရာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး
(နေပြည်တော်-၄၊ ကွန်ပျူတာကျွမ်းကျင်သူ
ရှမ်း-၁၊ တနင်္သာရီ-၁) (အင်္ဂလိပ်စာ၊ ဥပဒေ၊ မနုဿဗေဒ
ဘွဲ့များကိုဦးစားပေးရွေးချယ်မည်)
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
( ခ ) လျှောက်ထားသူသည် ၁၈- ၆- ၂၀၂၁ ရက်နေ့တွင်
(၁) အသက်(၁၈)နှစ်ပြည့်ပြီး ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၂၇)နှစ်(အစိုးရဝန်ထမ်း ဖြစ်ပါက အသက် ၃၅ နှစ်)ထက် မကျော်လွန်သူ ဖြစ်ရမည်။
(၂) တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ခေါ်ယူသော(၇)နေရာအတွက် ပြင်ပ ပုဂ္ဂိုလ်ဖြစ်ပါက အသက် ၃၀ နှစ်(အစိုးရဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်) ထက်မကျော်လွန်သူ ဖြစ်ရမည်။
( ဂ ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
( ဃ) ရွေးချယ်ခြင်းခံရသူများသည် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးနိုင်ရမည်။
( င ) လျှောက်ထားသူတစ်ဦးလျှင် ဦးစီးဌာနတစ်ခုနှင့် ရာထူးတစ်မျိုးသာ လျှောက်ထား ခွင့်ပြုမည်ဖြစ်သည်။
(စ) နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်ရမည်။
၃။ လျှောက်လွှာတွင် အောက်ပါအချက်များ ပြည့်စုံစွာ ဖော်ပြပါရှိရမည်-
(က) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
( ခ ) မွေးသက္ကရာဇ်နှင့် အသက်
( ဂ ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ
(ဃ) ပညာအရည်အချင်း
( င ) မိဘအမည်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
( စ ) အိမ်ထောင် ရှိ/မရှိ
(ဆ) နေရပ်လိပ်စာ၊ ဖုန်းနံပါတ်
( ဇ ) လျှောက်ထားမည့် ဦးစီးဌာနအမည်
(လျှောက်လွှာပုံစံများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Facebook Page: Ministry of Ethnic Affairs Myanmar တွင်လည်း ကြေညာထားမည် ဖြစ်ပါသည်။)
၄။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါအချက်အလက်များ ပြည့်စုံစွာ(ပူးတွဲ)ပါရှိရမည်-
(က) ပညာအရည်အချင်း အထောက်အထားမိတ္တူ
(ဘွဲ့လက်မှတ်၊ ၁၀ တန်းအောင်လက်မှတ်)
( ခ ) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံစာမူရင်း(လွန်ခဲ့သော တစ်လအတွင်း)
( ဂ ) လိပ်စာဖော်ပြပါဒေသတွင် အမှန်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာမူရင်း
( ဃ ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူမှန်
( င ) ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ
( စ ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာန၊ ရာထူး၊ လစာနှုန်း၊ သက်ဆိုင်ရာဌာန ခွင့်ပြုမိန့်မူရင်း
(ဆ) စာမေးပွဲဝင်ကြေးငွေကျပ် ၁၀၀၀ ပေးသွင်းထားသည့် ချလန်မူရင်း
( ဇ ) ပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ (လွန်ခဲ့သော ခြောက်လခန့်)
(ဓါတ်ပုံကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် ရေးသားရန်)
၅။ နေပြည်တော်ရှိ လစ်လပ်ရာထူးနေရာများအတွက် လျှောက်ထားသူများသည် အလုပ် ခန့်အပ်ခြင်းခံရပါက မိမိအစီအစဉ်ဖြင့် နေထိုင်နိုင်သူဖြစ်ရမည်။
၆။ စာမေးပွဲဝင်ကြေးကျပ် ၁၀၀၀/-(ကျပ် တစ်ထောင်တိတိ)ကို မြို့နယ်များမှ လျှောက်ထား သူများသည် မိမိတို့မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်(ရုံးခွဲ)များတွင် ဘဏ်ငွေလွှဲလက်မှတ် ပြုလုပ်၍ မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ငွေစာရင်းအမှတ်(MD-013556)သို့ ပေးသွင်းရမည်။
၇။ လျှောက်လွှာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်၊ သို့ (၁၈-၆-၂၀၂၁)ရက်နေ့ထိ ရုံးချိန်အတွင်း နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်။
၈။ သတ်မှတ်ရက်ထက် ကျော်လွန်၍ ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်များနှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထား မပြည့်စုံ သူများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ ရေးဖြေစာမေးပွဲ အောင်မြင်သူများကို လူတွေ့စစ်ဆေးမှု ပြုလုပ်ပြီး ရွေးချယ်ခန့်ထားမည် ဖြစ်ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ခန့်ထားမည့် ရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများကို လူတွေ့စစ်ဆေးခြင်း ဆောင်ရွက် ရာ၌ ကပြခြင်း၊ သီဆိုခြင်းနှင့် တီးခတ်ခြင်းများကိုပါ လက်တွေ့စစ်ဆေးသွားမည်ဖြစ်ပါသည်။
၉။ ဖြေဆိုခွင့်ရသူများ၏အမည်စာရင်း၊ ခုံအမှတ်၊ ဖြေဆိုမည့်နေ့ရက်နှင့် နေရာများကို ၂၈-၆- ၂၀၂၁ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးကြော်ငြာသင်ပုန်းနှင့် Facebook Page: Ministry of Ethnic Affairs Myanmar တို့တွင် ကြေညာပေးထားမည်ဖြစ်ပါသည်။
၁၀။ လျှောက်ထားသူသည် ရေးဖြေစာမေးပွဲ ဖြေဆိုရမည်။ ရေးဖြေစာမေးပွဲတွင် အောက်ပါဘာသာရပ် (၂)ခုကို ဖြေဆိုရမည်-
(က) အင်္ဂလိပ်စာ (ခ) အထွေထွေဗဟုသုတ
၁၁။ အသေးစိတ်သိရှိလိုပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော် ဖုန်း (၀၆၇-၃၄၀၉၅၅၁)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
0 Comments on "တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း"