ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

နေပြည်တော်  ဇွန်(၁၁)

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့်အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ လက်ခံတွေ့ဆုံရာတွင် ဒုတိယဝန်ကြီး၊ ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။

          တွေ့ဆုံပွဲစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် တိုင်းရင်းသား ရေးရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားများ၏ စီးပွားရေး၊ လူမှုရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ် ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေး ရရှိမှသာ ဘက်စုံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး အတွက် အဖြေရှာရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် နောက်မဆုတ်ဘဲ ရှေ့ဆက်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ရရှိမှသာ တိုင်းရင်းသားများ ပညာရည်မြင့်မားလာပြီး လူမှုဘဝဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အချိန်မရွေးလာရောက် ဆွေးနွေးနိုင်ပါကြောင်းနှင့် လိုအပ်ချက်များကိုလည်း တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါ သည်။

          ၎င်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌမှ ယခုကဲ့သို့ တွေ့ဆုံခွင့်ပြုပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းအနေဖြင့် မိတ်ဆက်ခြင်းနှင့် လမ်းညွှန်မှုခံယူနိုင်ရန်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ် ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင် များအသင်းအပေါ်ထားရှိသည့် မူဝါဒများ ပြောင်းလဲမှုမရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အသင်း၏ မူဝါဒအား အနည်းငယ်ရှင်းလင်းပြလိုပါကြောင်း၊ အသင်းသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် ရောနှောဆောင်ရွက်ခြင်းမရှိဘဲ တိုင်းရင်းသားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းသားဒေသထုတ်ကုန်များ ပိုမိုဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်စွာဖြင့်  ငြိမ်းချမ်းရေးအထောက်အကူပြုစေရန် ရည်ရွယ်ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အသင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် မိခင်ဌာနကဲ့သို့ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ပေးမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ် ပါကြောင်း၊ တိုင်းရင်းသားများ၏ လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားဒေသထုတ်ကုန်များ တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များကိုလည်း တင်ပြသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

          ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးရာတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသော အသင်းတစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုစေသည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် တိုင်း ဒေသကြီး/ ပြည်နယ်အဆင့် တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းကိုလည်း ဖွဲ့စည်းဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ ရှေ့ဆက်၍လည်း နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် အေးချမ်းသာယာရေး၊ တိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားဒေသရှိ ထွက်ကုန်များ‌ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အဖွဲ့တို့က အထွေထွေဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသား များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်နိုင်ရန် စည်းရုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားများအား ပိုမို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခင်ဆောင်ရွက်လျက်ခဲ့သော လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ရန်နှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား နောင်တက်လာမည့် အစိုးရသို့ စနစ်တကျ လွှဲပြောင်းနိုင်ရေး ဆောင်ရွက်ရမည်ဟု လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအား တင်ပြဆောင်ရွက် စေလိုပါကြောင်း၊ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ကာလ ရွေးချယ်ခြင်းမပြုဘဲ စဉ်ဆက်မပြတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်  ညှိနှိုင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများအား  ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Share: