ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ ၊ ဖန်လမ်းကျေးရွာ၌ “ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် (၂၅)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦစီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော  “ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း” ဆင်းပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ နံနက် (၈) နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့ နယ်၊ ကာလိမြို့၊ ဖန်လန်းကျေးရွာ(ရွာသစ်)ရှိ ဖန်လန်းဖွံ့ဖြိုးရေးစင်တာ၌ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းလောဝ်ဟွမ်က အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချပေးသည့် နည်းပြဆရာများ၊ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းအဖွဲ့တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ခဲ့ပါသည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူး၍ သင်တန်းသားများပြုလုပ်ထားသည့် ဝါးလက်မှုထည်များအား လိုက်လံကြည့်ရှု ကာ သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

            အဆိုပါသင်တန်းကို တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်း ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာများ တိုးတက်ဖြစ်ထွန်းလာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် “ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း” စစ်တမ်းရလဒ်များကို အခြေခံ၍ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပြီးပါသည်။ ယခုသင်တန်းတွင် ဒေသခံရှမ်းတိုင်းရင်းသားများ၊ လားဟူနှင့် ဗမာတိုင်းရင်းသား စုစုပေါင်း (၃၅)ဦး  ပါဝင်တက် ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား (၁၁-၆-၂၀၂၁) ရက်နေ့မှ (၂၅-၆-၂၀၂၁) ရက်နေ့အထိ (၁၅) ရက်ကြာ ပို့ချခဲ့ခြင်းဖြစ်ပြီး လက်သုံးကိရိယာပြင်ဆင်ခြင်းနှင့် ကုန်ကြမ်းများအား ကုန်ချော ပြုလုပ်ခြင်း၊ နှီးနန်းဆွဲခြင်း၊ ဆေးရောင်ဆိုးခြင်း၊ ဝါးတာရှည်ခံနည်းပညာ သင်ကြားခြင်း၊ ဓာတ်ပုံ ဘောင်၊ ဖုန်းတင်ခုံ၊ ဘောပင်ခြင်း၊ ယက်ထည်၊ သစ်သီးခြင်း၊ လင်ဗန်း၊ မီးအိမ်၊ ခွေထည်၊ နာရီပြု လုပ်ခြင်း၊ လက်မှုထည်အချောသတ်ခြင်း၊ လိုက်ကာတင်ခြင်း၊ စားပွဲနှင့် ကုလားထိုင်ပြုလုပ်ခြင်း စသည်တို့ ပါဝင်ပါကြောင်း သတင်းရရှိပါသည်။

 

Share: