
ရေးဖြေစာမေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း အသိပေးကြေညာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်
အကြောင်းအရာ။ ရေးဖြေစာမေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း အသိပေးကြေညာခြင်း
၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၁-၆-၂၀၂၁ ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံသတင်းစာများတွင် ပြည်ထောင်စုဝန်ကြီးရုံးအတွက် ဒုတိယဦးစီးမှူး(၃) နေရာ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနအတွက် ဒုတိယဦးစီးမှူး(၇)နေရာနှင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအတွက် ဒုတိယဦးစီးမှူး(၆)နေရာ၊ စုစုပေါင်း (၁၆)နေရာအတွက် ရေးဖြေစာမေးပွဲကို ၁၇-၇-၂၀၂၁ ရက်(စနေနေ့)တွင် ဖြေဆိုရန် အကြောင်းကြား ထားပြီး ဖြစ်ပါသည်။
၂။ ယခုအခါ (COVID-19)ရောဂါဖြစ်ပွားမှုအခြေအနေအရ ဒေသဖြတ်ကျော်သွားလာမှု အကန့်အသတ်များရှိနေပါ၍ ကြေညာထားသည့် ၁၇-၇-၂၀၂၁ ရက်တွင် ကျင်းပနိုင်ခြင်း မရှိသေး ပါကြောင်းနှင့် စာမေးပွဲကျင်းပနိုင်မည့်အခြေအနေပေါ် မူတည်၍ ပြောင်းလဲကျင်းပမည့်နေ့ရက်ကို နိုင်ငံပိုင်သတင်းစာများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Website: http://www. moea.gov.mm တို့မှတဆင့် အချိန်မီထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
0 Comments on "ရေးဖြေစာမေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း အသိပေးကြေညာခြင်း"