တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

 နေပြည်တော်   ဇူလိုင် ၉

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပရဝုဏ် ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်းများက ဝန်ကြီးဌာန၏ ရေကန်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ပေးကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တို့က ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြပြီး  အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်းများ က  သတ်မှတ်နေရာ များတွင် သစ်ပင်များကို စိုက်ပျိုးကြပါသည်။

ထို့နောက် အရာထမ်း၊ အမှုထမ်းများက သစ်ပင်ပျိုးပင်များကို သတ်မှတ်နေရာများ၌ စုပေါင်း စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များက သစ်ပင် ပျိုးပင်များ စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးကြပါသည်။

ယနေ့အခမ်းအနားတွင် ငါးသားပေါက်ကောင်ရေ (၆၀၀၀) စိုက်ထည့်ပြီး ပိတောက်ပြာ၊ ကျွန်း၊ စကားဝါ၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ခရေ၊ ယင်းမာ၊ သစ်ပိတောက်ပင်နှင့် နှစ်ရှည်ပင်များအပါအဝင် စုစုပေါင်း (၁၃၅)ပင် စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

Share: