
ဒုတိယဦးစီးမှူး(၁၆)နေရာအတွက် အရည်အချင်းစစ်လူတွေ့စစ်ဆေးခြင်း ခံယူရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ကြေညာခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး
ရုံးအမှတ် (၁၄) နေပြည်တော်
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်
ဒုတိယဦးစီးမှူး(၁၆)နေရာအတွက် အရည်အချင်းစစ်လူတွေ့စစ်ဆေးခြင်း ခံယူရမည့်သူများ၏
ခုံအမှတ်စာရင်း ထုတ်ပြန်ကြေညာခြင်း
၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနတို့တွင် ခေါ်ယူခန့်ထားမည့် ဒုတိယဦးစီးမှူး (၁၆) နေရာအတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အရည်အချင်းစစ်ရေးဖြေစာမေးပွဲ အောင်မြင်သူများ၏ ခုံအမှတ်စာရင်းအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်-
ဒုတိယဦးစီးမှူးရာထူးနေရာအတွက် ရေးဖြေအောင်မြင်သူ ခုံအမှတ်စာရင်း | ||||
နပတ-၁၀ | နပတ-၁၅ | နပတ-၁၇ | နပတ-၂၃ | နပတ-၂၄ |
နပတ-၂၇ | နပတ-၃၀ | နပတ-၃၆ | နပတ-၄၁ | နပတ-၅၁ |
နပတ-၅၈ | နပတ-၆၀ | မကွေး-၀၂ | မကွေး-၀၃ | မန္တလေး-၀၅ |
မန္တလေး-၀၆ | မွန်-၀၁ | မွန်-၀၂ | မွန်-၀၃ | ရှမ်း-၀၁ |
ရန်ကုန်-၀၂ | ရန်ကုန်-၀၈ | ရန်ကုန်-၁၁ | ဧရာဝတီ-၀၂ |
၂။ အထက်အပိုဒ်(၁)ပါ ရေးဖြေအောင်မြင်သူ(၂၄)ဦးအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် နံနက် ၁၀:၀၀ နာရီတွင် အရည်အချင်းစစ် လူတွေ့စစ်ဆေးခြင်း ကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် Video Conferencing စနစ်ဖြင့် စစ်ဆေးနိုင်ရေး ဆောင်ရွက်မည် ဖြစ်ပါသည်။
၃။ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၉၅၅၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်းနှင့် ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်သူများအနေဖြင့် လူတွေ့အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် သက်ဆိုင်ရာလူတွေ့စစ်ဆေးမည့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြား ရေးမှူးရုံးများသို့ ဆက်သွယ်ဆောင်ရွက်သွားရန် အသိပေးအပ်ပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး
0 Comments on "ဒုတိယဦးစီးမှူး(၁၆)နေရာအတွက် အရည်အချင်းစစ်လူတွေ့စစ်ဆေးခြင်း ခံယူရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ကြေညာခြင်း"