
လူတွေ့စာမေးပွဲလာရောက်ဖြေဆိုရာတွင် ယူဆောင်လာရမည့်စာရွက်စာတမ်းများအားကြေညာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး
ရုံးအမှတ်(၁၄)၊ နေပြည်တော်
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်
လူတွေ့စာမေးပွဲလာရောက်ဖြေဆိုရာတွင် ယူဆောင်လာရမည့်စာရွက်စာတမ်းများ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနတို့တွင် ခေါ်ယူခန့်ထားမည့် ဒုတိယဦးစီးမှူးရာထူး(၁၆)နေရာအတွက် ရေးဖြေအောင်မြင်သူ (၂၄)ဦးတို့သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ (၁၀:၀၀)နာရီအချိန်တွင် လူတွေ့ စစ်ဆေးခြင်းကို ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ COVID-19 ကာကွယ် ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ ပြုလုပ်မည်ဖြစ်ရာ ဖြေဆိုခဲ့ကြသည့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ လျှောက်လွှာတင်ပြရာတွင် ပါဝင်သော အောက်ပါစာရွက်စာတမ်း(မူရင်း)များကို ယူဆောင်လာကြရန် အသိပေးအပ်ပါသည်-
- နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ ဘွဲ့ရလက်မှတ်(မူရင်း)
- အခြားတင်ပြထားသော Certificates များ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး
0 Comments on "လူတွေ့စာမေးပွဲလာရောက်ဖြေဆိုရာတွင် ယူဆောင်လာရမည့်စာရွက်စာတမ်းများအားကြေညာခြင်း"