တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်

 နေပြည်တော်           စက်တင်ဘာ (၂၅)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ (၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဇမ္ဗူသီရိမြို့နယ်ရှိ  အေးမြရွှေပြည်ကျောင်းတိုက်၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမှူးပြုသော ဝန်ထမ်းများက အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါသည်။ ၎င်းနောက် ဆရာတော်များ၏ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်ကို နာယူကြပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အခမ်းအနား တက်ရောက်လာသူများက ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမှူးပြုသော ဝန်ထမ်းများက ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: