တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးသုံးစက်ကိရိယာ၊ စက်ပစ္စည်းများနှင့် ပရိဘောဂများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ရုံးသုံးစက်ကိရိယာ၊ စက်ပစ္စည်းများနှင့် ပရိဘောဂများဝယ်ယူရန်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လအတွက် ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနတို့တွင် လိုအပ်သည့် အောက်ဖော်ပြပါပစ္စည်းများအား မြန်မာငွေကျပ်ဖြင့် ဝယ်ယူလို ပါသည်-

(က)    ရုံးသုံးစက်ကိရိယာနှင့်ပစ္စည်းများ

(ခ)     ရုံးသုံးစက်ပစ္စည်းများ

(ဂ)     ရုံးသုံးပရိဘောဂများ

၂။       တင်ဒါပုံစံစတင်ရောင်းချမည့်ရက်      – (၁၅-၁၁ -၂၀၂၁ ရက်မှ ၁၆-၁၂-၂၀၂၁ ရက်အထိ)

၀၉:၃၀ နာရီ မှ ၁၆:၀၀ နာရီ (ရုံးချိန်အတွင်း)

၃။      တင်ဒါလျှောက်လွှာလက်ခံမည့်ရက်   -(၁၅-၁၁-၂၀၂၁ ရက်မှ ၁၆-၁၂-၂၀၂၁ ရက်အထိ)

၀၉:၃၀ နာရီ မှ ၁၆:၀၀ နာရီ (ရုံးချိန်အတွင်း)

၄။      တင်ဒါပုံစံများ လာရောက်ဝယ်ယူရာတွင် ကုမ္ပဏီ၏ မှတ်ပုံတင်ကတ်ပြား(သို့မဟုတ်) လုပ်ငန်း လိုင်စင်မိတ္တူ တင်ပြရမည်။ တင်ဒါလျှောက်လွှာပုံစံများကို ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေး ဌာနခွဲ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၁၄)၊ နေပြည်တော်သို့ လာရောက် ဝယ်ယူ / တင်သွင်းရန် ဖြစ်ပါသည်။ သတ်မှတ်ကာလထက်ကျော်လွန် သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၅။      အိတ်ဖွင့်တင်ဒါ စည်းမျဉ်းစည်းကမ်းနှင့် တင်ဒါခေါ်ယူသည့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်းအမှတ် ၀၆၇-၃၄၀၉၄၉၇၊ ၀၆၇-၃၄၀၉၅၅၀ တို့တွင် ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါစိစစ်ရေးနှင့်လက်ခံရေးကော်မတီ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

 

Share: