လီဆူတိုင်းရင်းသားသမိုင်းကြောင်းစာအုပ်နှင့် လီဆူတိုင်းရင်းသားဝတ်စုံ လှူဒါန်းခြင်းအခမ်းအနား

နေပြည်တော်   ဒီဇင်ဘာ   ၈

        ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်  လီဆူတိုင်းရင်းသား သမိုင်းကြောင်းစာအုပ်နှင့် လီဆူတိုင်းရင်းသား ဝတ်စုံလှူဒါန်းခြင်းအခမ်းအနားကို  ဒီဇင်ဘာလ (၈) ရက်နေ့၊ မွန်းလွဲ ၂ : ၃၀နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် သမိုင်းပညာရှင် ဒေါက်တာခင်စောနွဲ့ (ပါမောက္ခ ဌာနမှူး – ငြိမ်း)၊ ရန်ကုန်တက္ကသိုလ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်တို့အား လီဆူတိုင်းရင်းသားသမိုင်းကြောင်းစာအုပ်ကို ပေးအပ် လှူဒါန်းခဲ့ပြီး နေပြည်တော်ရှိ လီဆူတိုင်းရင်းသားမျိုးနွယ်စုကိုယ်စား ဦးဇယ်ဒေါင်(ခ)လာအားဆာက လီဆူတိုင်းရင်းသားဝတ်စုံများကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Share: