တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ခရစ္စမတ်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဒီဇင်ဘာ ၂၁

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ခရစ္စမတ်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည် (၂:၀၀နာရီ) အချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ခရစ္စမတ်အကြို အဖွင့်အမှာ စကားပြောကြားရာတွင် ခရစ္စမတ်နေ့ဆိုသည်မှာ သခင်ယေရှုခရစ်တော် မွေးဖွားသည့်နေ့               ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ခရစ္စမတ်ပွဲကို ကျင်းပကြပါကြောင်း၊ ခရစ်တော်မွေးဖွားသည့်နေ့တွင် ကောင်းကင်တမန်နှင့် ကောင်းကင်ဗိုလ်ခြေတွေက ကမ္ဘာကြီးငြိမ်းချမ်းပါစေ၊ လူသားများ မေတ္တာ၊ ဂရုဏာရှိပါစေဟု ကြွေးကြော်ခဲ့သည့်အတွက် မိမိတို့ တိုင်းရင်းသားများသည် တစ်ဦးအပေါ် တစ်ဦးမေတ္တာပြပြီး အေးအတူပူအမျှ စည်းစည်းလုံးလုံးဖြင့် ကမ္ဘာကြီးငြိမ်းချမ်းစေရန် တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ဆောင်ကြစေလိုပါကြောင်း၊ တိုင်းပြည်ကြီးငြိမ်းချမ်းမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ပြည်သူပြည်သားများလည်း စားဝတ်နေရေး ပြေလည်မည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မေတ္တာရှေ့ထားပြီး ကမ္ဘာမြေကြီးငြိမ်းချမ်းအောင် ဝိုင်းဝန်းလုပ်ဆောင်ကြစေလို ပါကြောင်း၊ မေတ္တာပေးပြီး မေတ္တာပြန်ယူကြစေလိုပါကြောင်း၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ၊ လောကီသားအားလုံး မေတ္တာ၊ ဂရုဏာထားနိုင်ပါစေ၊ မြန်မာပြည် မြောက်ပိုင်း ခါကာဘိုရာဇီမှ တောင်ပိုင်း ကော့သောင်းအငူအထိ ငြိမ်းချမ်းပါစေကြောင်းဖြင့် ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဟူ၍  ဘာသာကြီး  (၄) မျိုး  ရှိပြီး     ခရစ်ယာန်ဘာသာသည် ကမ္ဘာပေါ်တွင် ကိုးကွယ်မှု  ရာခိုင်နှုန်း အများဆုံး     ဖြစ်ပါကြောင်း၊ ခရစ်တော်သည် မေတ္တာတရားကို အလေးထားသဖြင့် ခရစ်ယာန် ဘာသာဝင်များ

သည် လူမျိုး၊ ဘာသာ မခွဲခြားဘဲ   ဒုက္ခရောက်သူများကို   ကယ်တင်ရန်  ကရုဏာစိတ်များ   ရှိကြပါကြောင်း၊ ခရစ်တော်၏ ကျေးဇူးကို အောက်မေ့သောအားဖြင့် ခရစ္စမတ်ပွဲကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ မည်သည့်ဘာသာဖြစ်စေ ကောင်းမွန်သောအဆုံးအမများကို လက်ခံပြီး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ်တရား (၄)ပါးနှင့်အညီ နေထိုင်ကျင့်သုံး ကြစေ လိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ စီးပွားလာဘ်လာဘများ တိုးပွားကြပါစေ၊ ဆန္ဒနှင့်ဘဝ ထပ်တူကျပါစေကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဝန်ထမ်းများက ခရစ္စမတ်တေးသီချင်းများ၊ တိုင်းရင်းသားတေးသီချင်းများ၊ အဆိုအကများဖြင့် သီဆို၊ ကပြ ဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

Share: