
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
အလုပ်လျှောက်လွှာခေါ်ယူခြင်း
၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါအမှုထမ်းရာထူး(၁၄)နေရာ ခန့်ထားရန်အတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ် ပညာအရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
စဉ် ရာထူး/လစာနှုန်း လစ်လပ် ပညာအရည်အချင်း
(က) စာရင်းကိုင်(၄) ၂ နေရာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး
၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ (နေပြည်တော်) ကွန်ပျူတာကျွမ်းကျင်သူ၊ စာရင်းအင်းဆိုင်ရာသင်တန်း တစ်ခုခုတက်ရောက်အောင်မြင်သူ
(ခ) အငယ်တန်းစာရေး ၄ နေရာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး
၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ (နေပြည်တော်) ကွန်ပျူတာကျွမ်းကျင်သူ
(ဂ) ယာဉ်မောင်း(၅) ၃ နေရာ အခြေခံပညာအလယ်တန်းအဆင့်
၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ (နေပြည်တော်) အောင်မြင်ပြီးသူ၊
ယာဉ်မောင်းလိုင်စင်(ခ)အဆင့်ရှိသူ
(ဃ) ရုံးအကူ/စာပို့ ၃ နေရာ အခြေခံပညာအလယ်တန်းအဆင့်
၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀ (နေပြည်တော်) အောင်မြင်ပြီးသူ၊
လုပ်ငန်းကိုစိတ်ပါဝင်စားသူ
(င) သန့်ရှင်းရေးအကူ ၂ နေရာ အခြေခံပညာမူလတန်းအဆင့်
၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀ (နေပြည်တော်) အောင်မြင်ပြီးသူ၊ လုပ်ငန်းကိုစိတ်ပါဝင်စားသူ
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
( ခ ) အမှတ်စဉ်(က)နှင့်(ခ)ကို လျှောက်ထားသူသည် ၆- ၁ – ၂၀၂၂ ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီး ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၂၇)နှစ်(အစိုးရဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်)ထက် မကျော်လွန်သူ ဖြစ်ရမည်။
( ဂ ) အမှတ်စဉ်(ဂ)ကို လျှောက်ထားသူသည် ၆- ၁ – ၂၀၂၂ ရက်နေ့တွင် အသက်(၁၈)နှစ် ပြည့်ပြီး ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၂)နှစ်(အစိုးရဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်)ထက် မကျော်လွန်သူ ဖြစ်ရမည်။
(ဃ) အမှတ်စဉ်(ဃ)နှင့်(င)ကို လျှောက်ထားသူသည် ၆- ၁ – ၂၀၂၂ ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီး ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်(အစိုးရဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်)ထက် မကျော်လွန်သူ ဖြစ်ရမည်။
( င ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
( စ ) ရွေးချယ်ခြင်းခံရသူများသည် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးနိုင်ရမည်။
(ဆ) နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်ရမည်။
၃။ လျှောက်လွှာတွင် အောက်ပါအချက်များ ပြည့်စုံစွာ ဖော်ပြပါရှိရမည်-
(က) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
( ခ ) မွေးသက္ကရာဇ်နှင့် အသက်
( ဂ ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ
(ဃ) ပညာအရည်အချင်း
( င ) မိဘအမည်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
( စ ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဌာန/လက်ရှိရာထူး
( ဆ ) အိမ်ထောင် ရှိ/မရှိ
( ဇ ) နေရပ်လိပ်စာ၊ ဖုန်းနံပါတ်
(လျှောက်လွှာပုံစံကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Website: http://www. moea.gov.mm တွင်လည်း ကြေညာထားမည် ဖြစ်ပါသည်။)
၄။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါအချက်အလက်များ ပြည့်စုံစွာ(ပူးတွဲ)ပါရှိရမည်-
(က) ပညာအရည်အချင်း အထောက်အထားမိတ္တူ
(ဘွဲ့လက်မှတ်၊ ၁၀ တန်းအောင်လက်မှတ်)
( ခ ) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံစာမူရင်း(လွန်ခဲ့သော တစ်လအတွင်း)
( ဂ ) လိပ်စာဖော်ပြပါဒေသတွင် အမှန်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာမူရင်း(လွန်ခဲ့သော တစ်လအတွင်း)
( ဃ ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူမှန်
( င ) ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ
( စ ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာန၊ ရာထူး၊ လစာနှုန်း၊ သက်ဆိုင်ရာဌာန ခွင့်ပြုမိန့်မူရင်း
( ဆ ) ပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ (လွန်ခဲ့သော ခြောက်လခန့်)
(ဓါတ်ပုံကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် ရေးသားရန်)
၅။ လျှောက်ထားသူများသည် အလုပ်ခန့်အပ်ခြင်းခံရပါက မိမိအစီအစဉ်ဖြင့် နေထိုင်နိုင်သူဖြစ် ရမည်။
၆။ လျှောက်လွှာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်၊ သို့ (၆- ၁ – ၂၀၂၂)ရက်နေ့ထိ ရုံးချိန်အတွင်း နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်။
၇။ သတ်မှတ်ရက်ထက်ကျော်လွန်၍ ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်များနှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထား မပြည့်စုံ သူများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများအား လူတွေ့ စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး လူတွေ့စစ်ဆေးမည့်ရက်ကို ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပါသည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးကြော်ငြာသင်ပုန်းနှင့် Website: http://www.moea.gov.mm တို့တွင်လည်း ကြေညာပေးထားမည်ဖြစ်ပါသည်။
၈။ အသေးစိတ်သိရှိလိုပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော် ဖုန်း(၀၆၇-၃၄၀၉၅၅၁)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
0 Comments on