
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး(လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး(၆) နေရာအတွက်အလုပ်လျှောက်လွှာခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန
အလုပ်လျှောက်လွှာခေါ်ယူခြင်း
၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး(လစာနှုန်း ကျပ် ၂၁၆၀၀၀–၂၀၀၀–၂၂၆၀၀၀) ရာထူး(၆) နေရာအတွက် အောက်ပါပညာအရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်–
ဒုတိယဦးစီးမှူး | ၆ နေရာ | တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိ ပြီးသူ ဖြစ်ရမည်။ |
(လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မုံရွာ၊ မန္တလေး၊ မော်လမြိုင်မြို့များတွင် တာဝန်
ထမ်းဆောင်ရမည်) |
၂။ လျှောက်ထားသူသည်–
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
( ခ ) လျှောက်ထားသူသည် လျှောက်လွှာတင်သည့်နေ့တွင် အသက်(၁၈)နှစ် ပြည့်ပြီး ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ် (အစိုးရဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
( ဂ ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ရွေးချယ်ခြင်းခံရသူများသည် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးနိုင်ရမည်။
( င ) နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်ရမည်။
၃။ လျှောက်လွှာတွင် အောက်ပါအချက်များ ပြည့်စုံစွာ ဖော်ပြပါရှိရမည်-
(က) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
( ခ ) မွေးသက္ကရာဇ်နှင့် အသက်
( ဂ ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ
(ဃ) ပညာအရည်အချင်း
( င ) မိဘအမည်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
( စ ) အိမ်ထောင် ရှိ/မရှိ
(ဆ) နေရပ်လိပ်စာ၊ ဖုန်းနံပါတ်
(လျှောက်လွှာပုံစံများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Facebook Page: Ethnic Affairs, Ministry, Myanmar တွင်လည်း ကြေညာထားမည် ဖြစ်ပါသည်။)
၄။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါအချက်အလက်များ ပြည့်စုံစွာ (ပူးတွဲ) ပါရှိရမည်-
(က) ပညာအရည်အချင်း အထောက်အထားမိတ္တူ
(ဘွဲ့လက်မှတ်၊ ၁၀ တန်းအောင်လက်မှတ်)
( ခ ) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံစာမူရင်း(လွန်ခဲ့သော တစ်လအတွင်း)
( ဂ ) လိပ်စာဖော်ပြပါဒေသတွင် အမှန်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ မူရင်း
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
( င ) ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ
( စ ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာန၊ ရာထူး၊ လစာနှုန်း၊ သက်ဆိုင်ရာဌာန ခွင့်ပြုမိန့်မူရင်း
(ဆ) စာမေးပွဲဝင်ကြေးငွေကျပ် ၁၀၀၀ ပေးသွင်းထားသည့် ချလန်မူရင်း
( ဇ ) ခြောက်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ
(ဓါတ်ပုံကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် ရေးသားရန်)
၅။ စာမေးပွဲဝင်ကြေးကျပ် ၁၀၀၀/-(ကျပ် တစ်ထောင်တိတိ) ကို မြို့နယ်များမှ လျှောက်ထား သူများသည် မိမိတို့မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်(ရုံးခွဲ)များတွင် ဘဏ်ငွေလွှဲလက်မှတ်ပြုလုပ်၍ မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ငွေစာရင်းအမှတ်(MD-013653)သို့ ပေးသွင်းရမည်။
၆။ လျှောက်လွှာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်သို့ (၂၄-၁-၂၀၂၂)ရက်နေ့အထိ ရုံးချိန်အတွင်း နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်။
၇။ သတ်မှတ်ရက်ထက် ကျော်လွန်၍ ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်များနှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထား မပြည့်စုံသူများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့ စစ်ဆေးမှုပြုလုပ်ပြီး ရွေးချယ်ခန့်ထားမည်ဖြစ်ပါသည်။
၈။ ဖြေဆိုခွင့်ရသူများ၏အမည်စာရင်း၊ ခုံအမှတ်၊ ဖြေဆိုမည့်နေ့ရက်နှင့် နေရာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်ရှိတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကြော်ငြာသင်ပုန်း၊ Website: moea.gov.mm နှင့် Facebook Page: Ethnic Affairs, Ministry, Myanmar တို့တွင် ကြေညာပေးထားမည် ဖြစ်ပါသည်။
၉။ လျှောက်ထားသူသည် ရေးဖြေစာမေးပွဲ ဖြေဆိုရမည်။ ရေးဖြေစာမေးပွဲတွင် အောက်ပါ ဘာသာရပ် (၂)ခုကို ဖြေဆိုရမည်-
(က) အင်္ဂလိပ်စာ (ခ) အထွေထွေဗဟုသုတ
၁၀။ အသေးစိတ်သိရှိလိုပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော် ဖုန်း (၀၆၇-၃၄၀၉၅၄၆)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
0 Comments on "တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး(လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး(၆) နေရာအတွက်အလုပ်လျှောက်လွှာခေါ်ယူခြင်း"