ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာရှိ လူနည်းစုဖြစ်သော ထနော့တိုင်းရင်းသားများအတွက်  “ အခြေခံစက်ချုပ်ပညာသင်တန်း ” ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ( ၇-၁-၂၀၂၂ )

         ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှဦးစီး၍ တိုင်းရင်သားလူမျိုးများရေးရာ ဝန်ကြီး ဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြား ရေးမှူးရုံးနှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း(ရွာငံ)တို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံစက်ချုပ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို (၆-၁-၂၀၂၂)ရက် နေ့ နံနက်၁၀:၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာ၌ ကျင်းပခဲ့ပါသည်။အဆိုပါသင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခြင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သော အပ်ချုပ်စက်နှင့်ဆက်စပ်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်း၊ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌက အဖွင့် အမှာ စကားပြောကြားခြင်း၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းရင်း၊ ရည်ရွယ်ချက်များကိုရှင်းလင်းခြင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်ကျောင်း(ရွာငံ) ကျောင်းအုပ်က ဆောင်ရွက်လျက်ရှိသည့် သင်တန်းများအကြောင်း ရှင်းလင်းခြင်းအစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပြီး၊ ထနော့တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းဆောင်ရွက်သည့်နေရာ၌ လိုက်လံကြည့်ရှုခဲ့ကြပါသည်။

အဆိုပါသင်တန်းကို တိုင်းရင်းသားလူမျိုးများ၏ဒေသအတွင်း ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာများ တိုးတက်ဖြစ်ထွန်းလာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိပြီး လူမှု စီးပွားရေးဘဝမြင့်မားတိုးတက်ရေး ရည်ရွယ်ချက်များဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် “ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း ” ရလဒ်များအပေါ် အခြေခံကာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၏လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရံပုံငွေဖြင့်  လူဦးရေစုစုပေါင်း(၄၀၀၀)ခန့်သာရှိတော့သော ထနော့တိုင်းရင်းသားမျိုးနွယ်စု နေထိုင်ရာဒေသ၌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ အပ်ချုပ်စက်(၅)လုံးနှင့် ဒါးစက်တစ်လုံးကို ထည့်ဝင်ပံ့ပိုးခဲ့ပါသည်။ သင်တန်းသို့ ထနော့တိုင်းရင်းသူ(၂၂)ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၆-၁-၂၀၂၂)မှ (၅-၂-၂၀၂၂) ရက်နေ့အထိ တစ်လကြာမြင့်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Share: